အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပဲတောင့်ရှည် အသားတောက်တောက်စဉ်းကို အခြောက်ကြော်ဘယ်လိုကြော်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ပဲတောင့်ရှည် ၁ စည်း
  • ဆီ အနည်းငယ်
  • ငရုတ်ကောင်းအနည်းငယ်
  • ဂျင်း တောက်တောက်စဉ်းအနည်းငယ်
  • ကြက်သွန်ဖြူ ၃ မွှာ တောက်တောက်စဉ်း

  • ငရုတ်သီးအစပ်သီးခြောက် အနည်းငယ်
  • ကြက်သား (သို့) ဝက်သား တောက်တောက်စဉ်း အနည်းငယ်
  • ပဲငံပြာရည်အကြည် အနည်းငယ်
  • ပဲငံပြာရည်အနှောက် အနည်းငယ်
  • သကြား၊ ဆားအနည်းငယ်

ပြုလုပ်နည်း     

အရင်ဆုံး ဆီကိုအပူပေးလိုက်ပါ။ ပြီးရင်တော့ ပဲသီးကိုအရင် အခြောက်လေးကြော်လိုက်ပါ။

ပဲသီးတွေကိုဆယ်ထားလိုက်ပါ။

ဆီထဲမှာ ငရုတ်ကောင်း၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ကိုထည့်ပြီး ကြော်ပေးပါ။

အသားထည့်ကြော်ပေးပါ။

ပြီးရင်တော့ ပဲသီးကြော်ထားတာကိုထည့်လိုက်ပါ။ ဆားလေးနည်းနည်းထည့်လိုက်ပြီး သကြားနည်းနည်းထည့်ပါ။

သေချာလေး သမအောင်မွှေကာ ဘေကာ်ပေးပြီးရင်တော့ ထမင်းပူပူလေးနဲ့ သုံးဆောင်လို့ရပါပြီနော်။

Source: www.thewokoflife.com

By: MyFood Myanmar