အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ဝက်ဆားနယ်နဲ့ ကညွန့်ရောကြော်ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ကညွန့် ၁ ပေါင်
  • ဝက်ဆားနယ်ခြောက် ဝ.၅ ပေါင်
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကညွန့်များကို ရေဆေးပြီးနောက် ၂ လက်မအရှည်ခန့် လှီးဖြတ်ထားလိုက်ပါ။

၂။ ဝက်ဆားနယ်ခြောက်များကိုလည်း ၂ လက်မအရှည် လှီးဖြတ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါက ဝက်ဆားနယ်ခြောက်ထည့်ပြီး ၄ မိနစ်၊ ၅ မိနစ်ခန့် ကြော်ပေးရပါမယ်။

၄။ ထို့နောက် ကြက်သွန်ဖြူနှင့် ကညွန့်တို့ထည့်ကာ ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၅။ ကညွန့်များ နူးသွားပြီဆိုရင်တော့ ပဲငံပြာရည်ထည့်ပြီး ၂ မိနစ်ခန့် သမအောင် မွှေပေးလိုက်ပါ။

ထို့နောက် ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ အရသာအပေါ့အငန်မြည်းကြည်ရပါမယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်ဆားနယ် ကညွန့်ရောကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Spicetheplate.com