အားလုံးပဲ မင်္ဂလာပါ။ အသီးအရွက်နဲ့ အသားရဲ့ အာဟာရဓာတ်တို့ကို မျှတအောင် စားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ ဝက်သား ကညွတ်ကြော်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကညွတ် တစ်စည်း
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ဝက်သား ဝ.၅ ပေါင်ခန့်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကညွတ်ရဲ့ ရင့်သောအပိုင်းများကို ဖယ်ရှားပြီး နုသောအရိုးများကို အနေတော် လှီးဖြတ်ထားလိုက်ပါ။ (၂ လက်မခန့်အရှည်လောက် ဖြတ်ထားပါက လုံလောက်ပါတယ်)

၂။ ဝက်သားပြားများကိုလည်း နှစ်လက်မခန့် လှီးဖြတ်ထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။ ဆီပူလာပါက ဝက်သားပြားများထည့်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ကြက်သွန်ဖြူနှင့် ကညွတ်တို့ထည့်ပြီး ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၅။ ကညွတ်က နူးအိသွားပြီဆိုရင်တော့ ပဲငံပြာရည်ထည့်ကာ ၁ မိနစ် ကြော်ပေးလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သား ကညွတ်ကြော်လေး ရရှိသွားပါပြီ။

Source: Spicetheplate.com