အားလုံးပဲ မင်္ဂလာပါ။ အကင်လုပ်စားရတာ ဝါသနာပါတဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ အမဲသားကင် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- အမဲသား ၁ ပေါင်ခွဲ
 - ငရုတ်ပွ ၂ လုံး
 - ကြက်သွန်နီ အလုံးကြီး ၁ ဥ
 - ဆီ စားပွဲတင်ဇွန်း ၈ ဇွန်း
 - ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
 
- ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
 - ကြက်သွန်ဖြူအမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
 - ကြက်သွန်နီအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 - ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
 - ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
 
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အမဲသား၊ ငရုတ်ပွနှင့် ကြက်သွန်နီတို့ကို အရွယ်အစားတူညီအောင် လှီးဖြတ်ထားပါ။ (၁ လက်မ၊ ၁ လက်မခွဲ ပတ်လည်ခန့်ဆို လုံလောက်ပါတယ်။)
၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ဆီ၊ ပဲငံပြာရည်၊ ရှာလကာရည်၊ ကြက်သွန်ဖြူအမှုန့်၊ ကြက်သွန်နီအမှုန့်၊ ပျားရည်နှင့် ငရုတ်သီးမှုန့်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။
၃။ ထို့နောက် အမဲသားတုံးများကို ထိုဆော့စ်အရောအနှောထဲထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် အမဲသားနှင့် ဆော့စ်များကို လေလုံအိတ်ထဲထည့်ကာ အလုံပိတ်ထားပြီးနောက် အနည်းဆုံး ၁ နာရီမှ အများဆုံး ၆ နာရီအထိ နှပ်ထားလိုက်ပါ။
၄။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အမဲသားတုံး၊ ငရုတ်ပွ၊ ကြက်သွန်နီတို့ကို အကင်တုတ်ချောင်းများတွင် တစ်လှည့်စီ ထိုးထည့်ပေးလိုက်ပါ။
၅။ အကင်ချောင်းများ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အကင်မီးဖိုကို အပူပေးထားလိုက်လို့ရပါပြီ။
၆။ ထို့နောက် အကင်ချောင်းများကို မီးဖိုပေါ်တင်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် ကင်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၄ မိနစ်၊ ၅ မိနစ်ခန့် ဆက်ကင်ပါ။
အားလုံးကင်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ အမဲသားကင်လေး ရရှိသွားပါပြီ။
Source: Spendwithpennies.com
											
				
									


