အားလုံးပဲ မင်္ဂလာပါ။ သွားရေစာမုန့်စားရတာကို ကလေး လူကြီး ကျား၊ မ မရွေး ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့သွားရေစာ ရွေးချယ်ဖို့တော့ လိုပါတယ်။

ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး ပြုလုပ်ရလွယ်ကူတဲ့ ဂေါ်ဖီထုပ် ပန်ကိတ်ကြော် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၁၂၈ ဂရမ်
  • ရေ ၂၅၀ မီလီလီတာ
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂေါ်ဖီထုပ် တစ်ထုပ် (ပါးပါးလှီးထားပါ)

Cabbage

  • ပန်ကိတ်ကြော် တို့စားရန် ခရမ်းချဉ်သီးဆော့စ် (သို့) ငရုတ်သီးဆော့စ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂျုံမှုန့်နှင့် ရေကို ရောနှောပြီးနောက် အနှစ်များ ဖြစ်သွားသည်အထိ အဆက်မပြတ်မွှေပေးလိုက်ပါ။

၂။ ဂေါ်ဖီထုပ်ကို ပါးပါးလှီးပြီးနောက် ဂျုံနှစ်ထဲထည့်ကာ ဆားထည့်ပြီးနောက် သမအောင် ရောနယ်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဂေါ်ဖီမုန့်နှစ်အနည်းငယ်ကို ဒယ်အိုးထဲ လောင်းထည့်ပြီးနောက် စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်သွားအောင် ဇွန်းဖြင့် ဖြန့်ကျက်ပေးလိုက်ပါ။ ၅ မိနစ်ပြည့်အောင် ကြော်ပြီးနောက်မှာ အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ငါးမိနစ် ထပ်ကြော်ပေးရပါမယ်။

၄။ ထိုနည်းအတိုင်း ကျန်ရှိနေတဲ့ ဂေါ်ဖီမုန့်နှစ်များ အားလုံး ကုန်သွားသည်အထိ ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးတဲ့နောက်မှာတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့သွားရေစာမုန့်အဖြစ်သာမက ထမင်းနဲ့ပါ တွဲဖက်စားသုံးနိုင်တဲ့ ဂေါ်ဖီပန်ကိတ်ကြော်လေး ရရှိသွားပါပြီ။

မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် တွဲဖက်စားသုံးနိုင်ပါတယ်။

Source: Spicetheplate.com