ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ ပန်းဂေါ်ဖီကို မှန်မှန်စားသုံးပေးခြင်းအားဖြင့် ရောဂါဘယများကို ကာကွယ်ပေးနိုင်သလို အသားအရေလည်း လှပစေပါတယ်။

ထိုဟင်းသီးဟင်းရွက်ကို ချိစ်အရသာလေးနဲ့ လိုက်ဖက်အောင် ဘယ်လိုကြော်လှော်ပြင်ဆင်နိုင်မလဲဆိုတာကို MyFood Myanmar ရဲ့စာဖတ်သူများအတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီ ၂ ပွင့် (အနေတော်အတုံး တုံးထားပါ)
  • Heavy ခရင်မ် ၂၄၀ မီလီလီတာ
  • Cheddar ချိစ် ၁၅၀ ဂရမ် (ခြစ်ပြားဖြင့် အချောင်းများဖြစ်သွားအောင် ခြစ်ထားလိုက်ပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်

  • ပါးပါးလှီးထားေးသာ နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၂၀၀ ဒီဂရီစင်တီဂရိတ် (၄၀၀ ဒီဂရီဖာရင်ဟိုက်) ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

၂။ အိုးတစ်လုံးထဲသို့ ရေထည့်ပြီး ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဆူပွက်လာပါက ပန်းဂေါ်ဖီများထည့်ကာ အဖုံးအုပ်ပြီး ၅ မိနစ်ခန့် ပြုတ်လိုက်ပါ။

၃။ ထို့နောက် ပန်းဂေါ်ဖီများကို ဆယ်ယူပြီး ရေဆေးချလိုက်ပါ။

၄။ ဒယ်အိုးထဲသို့ ခရင်မ် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ထို့နောက် ချိစ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့် ထည့်ပါ။ ပန်းဂေါ်ဖီ တစ်ဝက်ခန့်ထည့်ပါ။ ထို့နောက် ပန်းဂေါ်ဖီပေါ်သို့ ကျန်ရှိနေသော ခရင်မ်များ ဆမ်းထည့်လိုက်ပါ။ ထို့နောက် ကျန်ရှိနေသောချိစ် ၄ ပုံ ၁ ပုံခန့်ထည့်လိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်များ ဖြူးထည့်လိုက်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ကျန်ရှိနေသော ပန်းဂေါ်ဖီများ ထပ်ထည့်ပြီးနောက် ကျန်ရှိနေသော ခရင်မ်များ ထပ်ဆမ်းလိုက်ပါ။ ကျန်ရှိနေသော ချိစ်များထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းဖြူးထည့်ပါ။

၆။ ထို့နောက် ထိုဒယ်အိုးကို Oven ထဲထည့်ကာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် အပူပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်ပါက Oven ထဲကထုတ်ပြီး နံနံပင်အနည်းငယ်ဖြူးထည့်လိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ချိစ် ပန်းဂေါ်ဖီကြော်လေး ရရှိသွားပါပြီ။

Source: Kitchensanctuary.com