အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါတော့ သတ်သပ်လွတ်သမားများအတွက် အရသာရှိတဲ့ ဟင်းရွက်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ခရမ်းချဉ်သီး ပန်းဂေါ်ဖီကြော်ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီတစ်ပွင့် (အနေတော် လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၅ မြွှာနှင့် ကြက်သွန်မြိတ် ၂ ပင်
  • ခရမ်းချဉ်သီး တစ်လုံး
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • Ketchup စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းဂေါ်ဖီကို အနေတော်အပွင့်လေးများဖြစ်အောင် လှီးဖြတ်ထားလိုက်ပါ။ ထို့နောက် ပွက်ပွက်ဆူနေသော ရေနွေးထဲတွင် ၂ မိနစ်ခန့် ထည့်ပြုတ်ထားလိုက်ပါ။ အချိန်ပြည့်ပါက ပန်းဂေါ်ဖီများကို ဆယ်ယူထားလိုက်ပါ။

၂။ ခရမ်းချဉ်သီးများကို အနေတော်တုံးထားလိုက်ပါ။ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ကိုလည်း ပါးပါးလှီးထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ထားလိုက်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။ ထို့နောက် Ketchup ထည့်ကာ မွှေပေးလိုက်ပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ ပန်းဂေါ်ဖီနှင့် ခရမ်းချဉ်သီးတို့ထည့်ကာ ၁ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ပန်းကန်ပြားထဲပြောင်းထည့်ပြီး အပေါ်မှ ကြက်သွန်မြိတ်များ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ခရမ်းချဉ်သီး ပန်းဂေါ်ဖီကြော်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com