အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အလုပ်များတဲ့ အိမ်ရှင်မတွေအတွက် လွယ်ကူရိုးရှင်းပြီး ချက်ပြုတ်ရမြန်ဆန်တဲ့ သီးစုံကြက်သားဟင်း ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သား ၁ ပေါင် (အနေတော် အတုံးတုံးထားပါ)
- မုန်လာဥနီ ၁ လုံးနှင့် ၁ ဝက် (အတုံးသေး တုံးထားပါ)
- အာလူး ၁ လုံး (အခွံခွာပြီး အတုံးခပ်သေးသေး တုံးထားပါ)
- တရုတ်နံနံ ၁ ပင် (ပါးပါးလှီးထားပါ)
- ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
- ရေ ၂၅၀ မီလီလီတာ
- ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက မုန်လာဥနီ၊ အာလူးနှင့် တရုတ်နံနံတို့ထည့်ကာ ၈ မိနစ်ခန့် မွှေပေးလိုက်ပါ။
၂။ အာလူးများ နူးအိသွားပြီဆိုရင်တော့ ကြက်သားထည့်ကာ ၄ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။
၃။ ကြက်သားများ ရွှေညိုရောင်ပြောင်းသွားပါက ရေထည့်ကာ သမအောင် မွှေပေးလိုက်ပါ။
၄။ ဒယ်အိုးအဖုံးကို ပိတ်ပြီးနောက် မီးအေးအေးဖြင့် အရည်များခမ်းသွားအောင် တည်ပေးလိုက်ပါ။ အရည်များ ပျစ်သွားခါနီးကျမှ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်လိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိပြီး ရိုးရှင်းလွယ်ကူတဲ့ သီးစုံကြက်သားဟင်းလေး ရရှိသွားပါပြီ။
ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။
Source: Spicetheplate.com