အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အလုပ်များတဲ့ အိမ်ရှင်မတွေအတွက် လွယ်ကူရိုးရှင်းပြီး ချက်ပြုတ်ရမြန်ဆန်တဲ့ သီးစုံကြက်သားဟင်း ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင် (အနေတော် အတုံးတုံးထားပါ)
  • မုန်လာဥနီ ၁ လုံးနှင့် ၁ ဝက် (အတုံးသေး တုံးထားပါ)
  • အာလူး ၁ လုံး (အခွံခွာပြီး အတုံးခပ်သေးသေး တုံးထားပါ)
  • တရုတ်နံနံ ၁ ပင် (ပါးပါးလှီးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ရေ ၂၅၀ မီလီလီတာ
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက မုန်လာဥနီ၊ အာလူးနှင့် တရုတ်နံနံတို့ထည့်ကာ ၈ မိနစ်ခန့် မွှေပေးလိုက်ပါ။

၂။ အာလူးများ နူးအိသွားပြီဆိုရင်တော့ ကြက်သားထည့်ကာ ၄ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၃။ ကြက်သားများ ရွှေညိုရောင်ပြောင်းသွားပါက ရေထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ ဒယ်အိုးအဖုံးကို ပိတ်ပြီးနောက် မီးအေးအေးဖြင့် အရည်များခမ်းသွားအောင် တည်ပေးလိုက်ပါ။ အရည်များ ပျစ်သွားခါနီးကျမှ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိပြီး ရိုးရှင်းလွယ်ကူတဲ့ သီးစုံကြက်သားဟင်းလေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Spicetheplate.com