(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပြုလုပ်ရလွယ်ကူပြီး ဘယ်နှကြိမ်စားစား ရိုးမသွားတဲ့ အာလူး ကြက်သားဟင်း ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင် ၁ ပေါင် (အရေခွံနှင့် အရိုးတို့ကို ဖယ်ရှားထားပါ)
- မုန်လာဥနီ တစ်လုံးနှင့် တစ်ဝက် (အနေတော် အတုံးလေး တုံးထားလိုက်ပါ)
- အာလူး တစ်ခြမ်း (အတုံးငယ် တုံးထားလိုက်ပါ)
- တရုတ်နံနံ တစ်ပင် (ပါးပါးလှီးထားပါ)
- ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
- ရေ ၂၅၀ မီလီလီတာ
- ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။ ဆီပူလာပါက မုန်လာဥနီ၊ အာလူးနှင့် တရုတ်နံနံတို့ထည့်ပြီး ၇ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၂။ ဟင်းသီးဟင်းရွက်များ နူးအိသွားပါက ကြက်သားထည့်ကာ ၄ မိနစ်ခန့် ထည့်ချက်ပေးလိုက်ပါ။
၃။ ထို့နောက် ရေ ၂၅၀ မီလီလီတာထည့်ကာ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်လိုက်ပါ။
၄။ သမအောင် မွှေပြီးတဲ့နောက်မှာတော့ အိုးအဖုံးဖွင့်လျက်သားဖြင့် ၆ မိနစ်ခန့် တည်ထားလိုက်ပါ။
၅။ ဟင်းအရည် ပျစ်သွားပါက အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။
တရုတ်နံနံထည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကြက်သား အာလူးဟင်းလေး ရရှိသွားပါပြီ။
ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်လိုက်ပါ။
Source: Spicetheplate.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ ျပဳလုပ္ရလြယ္ကူၿပီး ဘယ္ႏွႀကိမ္စားစား ရိုးမသြားတဲ့ အာလူး ၾကက္သားဟင္း ျပဳလုပ္နည္းေလးကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ၾကက္ေပါင္ ၁ ေပါင္ (အေရခြံႏွင့္ အရိုးတို႔ကို ဖယ္ရွားထားပါ)
- မုန္လာဥနီ တစ္လံုးႏွင့္ တစ္ဝက္ (အေနေတာ္ အတံုးေလး တံုးထားလိုက္ပါ)
- အာလူး တစ္ျခမ္း (အတံုးငယ္ တံုးထားလိုက္ပါ)
- တရုတ္နံနံ တစ္ပင္ (ပါးပါးလွီးထားပါ)
- ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း
- ေရ ၂၅၀ မီလီလီတာ
- ဆားႏွင့္ ငရုတ္ေကာင္းမႈန္႔အနည္းငယ္
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ထားပါ။ ဆီပူလာပါက မုန္လာဥနီ၊ အာလူးႏွင့္ တရုတ္နံနံတို႔ထည့္ၿပီး ၇ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။
၂။ ဟင္းသီးဟင္းရြက္မ်ား ႏူးအိသြားပါက ၾကက္သားထည့္ကာ ၄ မိနစ္ခန္႔ ထည့္ခ်က္ေပးလိုက္ပါ။
၃။ ထို႔ေနာက္ ေရ ၂၅၀ မီလီလီတာထည့္ကာ ဆားႏွင့္ ငရုတ္ေကာင္းမႈန္႔တုိ႔ထည့္လိုက္ပါ။
၄။ သမေအာင္ ေမႊၿပီးတဲ့ေနာက္မွာေတာ့ အိုးအဖံုးဖြင့္လ်က္သားျဖင့္ ၆ မိနစ္ခန္႔ တည္ထားလိုက္ပါ။
၅။ ဟင္းအရည္ ပ်စ္သြားပါက အရသာအေပါ့အငန္ျမည္းၾကည့္လိုက္ပါ။
တရုတ္နံနံထည့္ၿပီးတဲ့ေနာက္မွာေတာ့ အရသာရွိတဲ့ ၾကက္သား အာလူးဟင္းေလး ရရွိသြားပါၿပီ။
ထမင္းနဲ႔အတူတူ အရသာရွိရွိသံုးေဆာင္လိုက္ပါ။
Source: Spicetheplate.com