အားလုံးပဲ မင်္ဂလာပါ။ အကြော်ကြွပ်ကြွပ်လေး ကြိုက်နှစ်သက်သူများအတွက် မှိုအကြွပ် တန်ပူရာကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မှို ပန်းကန်လုံး ၂ လုံးစာ (မိမိကြိုက်နှစ်သက်ရာ မှိုအမျိုးအစား ၃ မျိုးခန့်)
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆား အနည်းငယ်
  • မုန့်ဖုတ်ဆိုဒါ အနည်းငယ်

  • နံနံပင် အနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ကာ ဆီပူလာအောင် စောင့်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်၊ ရေ၊ ဆားနှင့် မုန့်ဖုတ်ဆိုဒါတို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၃။ မှိုက အရမ်းကြီးပါက ပါးပါးလှီးထားလိုက်ပါ။ ထို့နောက် စောစောက ဂျုံမှုန့်နှစ်ထဲ ထည့်နှစ်လိုက်ပါ။

၄။ ထို့နောက် ဆီပူထဲထည့်က ၃ မိနစ်၊ ၄ မိနစ်ခန့် (သို့) ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

ကြော်ပြီးသွားတဲ့အခါမှာတော့ ဆီစုပ်စက္ကူပေါ် တင်ထားကာ ပိုလျှံနေသော ဆီများကို စစ်ထုတ်ပေးရပါမယ်။

ဆီစစ်ပြီးသွားမှ မိမိနှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Fullofplants.com