အားလုံးပဲ မင်္ဂလာပါ။ နိုင်ငံတကာရိုးရာအစားအစာများကို နှစ်ခြိုက်စွာစားသုံးလေ့ရှိကြသူတွေအတွက် ဒီတစ်ခါမှာတော့ အိန္ဒိယစတိုင်လ် သီးစုံအာလူးဟင်း ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဟင်းသီးဟင်းရွက် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထးပါ)
- ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ၊ သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ၊ ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ
- ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်သွန်နီ ၂ ဥ (လေးထောင့်အတုံးငယ် နုပ်နုပ်စဉ်းထားပါ)
- ခရမ်းချဉ်သီး ၄ လုံး (အနေတော်အတုံး လှီးဖြတ်ထားပါ)
- မုန်လာဥနီ ၃ လုံး (ပါးပါးလှီးထားပါ)
- ပဲလုံးစိမ်း ပန်းကန်လုံး ၁ လုံး
- အာလူး ၂ လုံး (တစ်လက်မပတ်လည် အတုံး တုံးထားပါ)
- ရေ စားပွဲတင်ဇွန်း ၁၂ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရါက်ဆီ ထည့်ပါ။ ထို့နောက် ကြက်သွန်ဖြူ၊ သစ်ကြမ်းပိုးခေါက်အမှုန့်၊ ဇီရာမှုန့်၊ နနွင်းမှုန့်၊ ဂျင်း၊ ငရုတ်သီးမှုန့်တို့ထည့်ကာ ၁ မိနစ်ခန့် မွှေပေးလိုက်ပါ။
၂။ ထို့နောက် ကြက်သွန်နီထည့်ကာ ၃ မိနစ်ခန့် ဆီသတ်ပါ။
၃။ နောက်တစ်ဆင့်အနေနဲ့ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ပဲလုံးစိမ်း၊ အာလူး၊ ဆားနှင့် ရေတို့ထည့်ပါ။
၄။ ဒယ်အိုးအဖုံး အုပ်ထားပြီးနောက် မီးအေးအေးဖြင့် မိနစ် ၂၀ ခန့် တည်ထားလိုက်ပါ။
ထိုကဲ့သို့ တည်ထားနေစဉ်အတောအတွင်း ၂ ကြိမ်ခန့် မွှေပေးရပါမယ်။
သတ်မှတ်ချိန်ပြည့်ပါက အာလူးများ နူးအိ မနူးအိကို စစ်ဆေးကြည့်လိုက်ပါ။ (လိုအပ်ပါက ရေအနည်းငယ် ထပ်ထည့်နိုင်ပါတယ်)
ဟင်းသီးဟင်းရွက်နဲ့ အာလူးများ နူးအိသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။
ဒါဆိုရင်တော့ အရသာရှိတဲ့ အိန္ဒိယစတိုင်လ် သီးစုံအာလူးဟင်းလေး ရရှိသွားပါပြီ။
Source: Thespruceeats.com