အားလုံးပဲ မင်္ဂလာပါ။ နိုင်ငံတကာရိုးရာအစားအစာများကို နှစ်ခြိုက်စွာစားသုံးလေ့ရှိကြသူတွေအတွက် ဒီတစ်ခါမှာတော့ အိန္ဒိယစတိုင်လ် သီးစုံအာလူးဟင်း ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထးပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ၊ သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ၊ ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၂ ဥ (လေးထောင့်အတုံးငယ် နုပ်နုပ်စဉ်းထားပါ)

  • ခရမ်းချဉ်သီး ၄ လုံး (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • မုန်လာဥနီ ၃ လုံး (ပါးပါးလှီးထားပါ)
  • ပဲလုံးစိမ်း ပန်းကန်လုံး ၁ လုံး
  • အာလူး ၂ လုံး (တစ်လက်မပတ်လည် အတုံး တုံးထားပါ)
  • ရေ စားပွဲတင်ဇွန်း ၁၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရါက်ဆီ ထည့်ပါ။ ထို့နောက် ကြက်သွန်ဖြူ၊ သစ်ကြမ်းပိုးခေါက်အမှုန့်၊ ဇီရာမှုန့်၊ နနွင်းမှုန့်၊ ဂျင်း၊ ငရုတ်သီးမှုန့်တို့ထည့်ကာ ၁ မိနစ်ခန့် မွှေပေးလိုက်ပါ။

၂။ ထို့နောက် ကြက်သွန်နီထည့်ကာ ၃ မိနစ်ခန့် ဆီသတ်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ပဲလုံးစိမ်း၊ အာလူး၊ ဆားနှင့် ရေတို့ထည့်ပါ။

၄။ ဒယ်အိုးအဖုံး အုပ်ထားပြီးနောက် မီးအေးအေးဖြင့် မိနစ် ၂၀ ခန့် တည်ထားလိုက်ပါ။

ထိုကဲ့သို့ တည်ထားနေစဉ်အတောအတွင်း ၂ ကြိမ်ခန့် မွှေပေးရပါမယ်။

သတ်မှတ်ချိန်ပြည့်ပါက အာလူးများ နူးအိ မနူးအိကို စစ်ဆေးကြည့်လိုက်ပါ။ (လိုအပ်ပါက ရေအနည်းငယ် ထပ်ထည့်နိုင်ပါတယ်)

ဟင်းသီးဟင်းရွက်နဲ့ အာလူးများ နူးအိသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အိန္ဒိယစတိုင်လ် သီးစုံအာလူးဟင်းလေး ရရှိသွားပါပြီ။

Source: Thespruceeats.com