အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ခရမ်းချဉ်သီး ကြက်ဥအစပ်ဟင်းလျာလေးပဲဖြစ်ပါတယ်။ အုန်းနို့အရသာလေးပါ အနည်းငယ် ထည့်ထားတဲ့အတွက်ကြောင့် ဆွေမျိုးမေ့သွားစေမယ့် ဟင်းလျာတစ်ခွက်ကို ရရှိမှာပါ။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၆ လုံး
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့်  ဆားအနည်းငယ်
  • ခရမ်းချဉ်သီး ၄၀၀ ဂရမ် (လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)
  • အုန်းနို့ ၄၀၀ ဂရမ်
  • ကြက်ပြုတ်ရည် ၁၂၅ မီလိလီတာ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥ ၆ လုံးကို ပြုတ်ထားပြီး အအေးခံထားပြီးနောက် အခွံခွာထားလိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ကာ ၈ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။

၂။ ကြက်သွန်နီနှင့် ဂျင်းတို့ထည့်ကာ တစ်မိနစ်ခန့် ဆီသတ်ပါ။

၃။ ငရုတ်သီးမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ နောက်ထပ် ၁ မိနစ်ခန့် မွှေပေးလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ခရမ်းချဉ်သီးနှင့် အုန်းနို့တို့ထည့်ကာ ၃ မိနစ်ခန့် တည်ပေးလိုက်ပါ။

၅။ ထို့နောက် ကြက်ပြုတ်ရည်နှင့် ပဲငံပြာရည်တို့ထည့်ကာ ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။ ဆူပွက်လာပါက မီးအပူချိန်ကို လျော့ပြီးနောက် အိုးအဖုံးဖွင့်ထားကာ ၁၀ မိနစ်ခန့် တည်ပေးထားလိုက်ပါ။

၆။ ခရမ်းချဉ်သီးအနှစ်က ပျစ်သွားပါက ကြက်ဥပြုတ်ထည့်ကာ သမသွားအောင် ဖြည်းညှင်းစွာ မွှေပေးလိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါ အရသာရှိတဲ့ ခရမ်းချဉ်သီး ကြက်ဥအစပ်ချက် ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com