ထမင်းစားတဲ့အခါ ဟင်းရည် ပူပူစပ်စပ်လေးနဲ့ ရှူးရှူးရှဲရှဲ သောက်ချင်သူများအတွက် လွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ အပ်မှိုဟင်းရည် ပူပူစပ်စပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အပ်မှို ဝ.၅ ပေါင်
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီး ၁ တောင့်
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ ၂ စက်ခန့်

Source: Gea.com

  • Ketchup စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆား အနည်းငယ်
  • ရေ (သို့) ကြက်ပြုတ်ရည် ၁၂၅ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အပ်မှိုရဲ့အမြစ်ကို ဖယ်ရှားပြီးနောက် အပ်မှိုများကို လက်ဖြင့် ခွာလိုက်ပါ။ ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် Ketchup ထည့်ပြီး ဆီများ နီရဲလာသည်အထိ မွှေပေးလိုက်ပါ။

၃။ ရေ ၁၂၅ မီလီလီတာကို အိုးထဲထည့်ပြီးနောက် ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ဆူပွက်လာပါက အပ်မှိုများထည့်ပြီး တစ်မိနစ်ခန့် ထပ်တည်ထားလိုက်ပါ။

၄။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ကြက်သွန်မြိတ် အနည်းငယ်၊ နှမ်းဆီ အနည်းငယ်ထည့်ပြီး ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်ကြည့်လိုက်ပါ။

Source: Chinasichuanfood.com