အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မနက်ခင်းလေးမှာ အလွယ်တကူ ကြော်စားနိုင်တဲ့ ကြက်ဥထမင်းကြော် မနက်စာ ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ပဲလုံးစိမ်း ပန်းကန်လုံးအသေး တစ်ဝက်စာ
  • မုန်လာဥနီ ပန်းကန်လုံးအသေး တစ်ဝက်စာ (ပါးပါးလှီးထားပါ)

  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ထမင်း ပန်းကန်လုံး ၃ လုံးစာ
  • ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၂ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီနှင့် နှမ်းဆီတို့ထည့်ကာ အပူပေးပါ။ ကြက်သွန်ဖြူထည့်ကာ ၁၅ စက္ကန့်ခန့် ဆီသတ်ပါ။

၂။ ထို့နောက် ပဲလုံးစိမ်း၊ မုန်လာဥနီနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် မွှေပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ထမင်း၊ ပဲငံပြာရည်အကြည်နှင့် အနောက်၊ ရှာလကာရည်တို့ထည့်ကာ ၃ မိနစ်ခန့် မွှေကြော်ပါ။

၄။ ထို့နောက် ထမင်းကြော်ကို ဒယ်အိုးကို အစွန်းတစ်ဖက်သို့ ပို့ထားပါ။ လွတ်နေသော ဒယ်အိုးနေရာထဲသို့ ကြက်ဥ ၂ လုံး ဖောက်ထည့်လိုက်ပါ။ သမအောင် မွှေကြော်ပြီးတဲ့နောက်မှာ အရသာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကြက်ဥ ထမင်းကြော်လေး ရရှိသွားပါပြီ။

ကြက်သားတုံးများနဲ့လည်း တွဲဖက်စားသုံးနိုင်သလို ကြက်ဥ Half-Fried ဖြင့်လည်း တွဲဖက်စားသုံးနိုင်ပါတယ်။

Source: Cravinghomecooked.com