အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပီဇာပုံသဏ္ဍာန် လုပ်စားနိုင်တဲ့ ဟင်းရွက်စုံ ချိစ်ကြက်ဥကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၁၀ လုံး
  • နွားနို့ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဟင်းနုနွယ် ၁ စည်း (အရွက်များ ခြွေထားပါ)

  • ဝက်ပေါင်ခြောက် ပန်းကန်လုံးအသေး ၁ လုံးစာ (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ချယ်ရီ ခရမ်းချဉ်သီး (ထက်ခြမ်း ခြမ်းထားပါ)
  • ချိစ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥများ ဖောက်ထည့်လိုက်ပါ။ ထို့နောက် နွားနို့။ ကြက်သွန်ဖြူအမှုန့်နှင့် ဆားတို့ထည့်ကာ သမအောင် မွှေခလောက်လိုက်ပါ။

၃။ Oven ထဲ ထည့်လို့ရတဲ့ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ပါ။ ဆီပူလာပါက ဟင်းနုနွယ်ရွက်များ ထည့်ကာ သမအောင် ကြော်လိုက်ပါ။ ထို့နောက် မွှေခလောက်ထားသော ကြက်ဥများ ထည့်ပါ။

၄။ ကြက်ဥထည့်ပြီးတာနဲ့ ချက်ချင်းဆိုသလို ကြက်ဥပေါ်သို့ ချယ်ရီခရမ်းချဉ်သီးများ၊ ဝက်ပေါင်ခြောက်များနှင့် ချိစ်များကို ညီညီညာညာ ဖြူးထည့်လိုက်ပါ။

၅။ ထို့နောက် ထိုဒယ်အိုးကို မီးဖိုပေါ်မှ ဖယ်ရှားလိုက်ကာ Oven ထဲ ချက်ချင်းပြောင်းထည့်လိုက်ပါ။ Oven ထဲတွင် မိနစ် ၂၀၊ ၂၂ မိနစ်ခန့်ထည့်ကာ ကြက်ဥများ ကျက်သွားသည်အထိ အပူပေးပါ။

၆။ သတ်မှတ်ချိန်ပြည့်ပါက Oven ထဲက ထုတ်ကာ ကြက်ဥများကို ဓားဖြင့် အညီအညာ စိပ်လိုက်ပါ။

ဒါဆိုရင်တော့ ပီဇာပုံသဏ္ဍာန် ဟင်းရွက်စုံ ချိစ်ကြက်ဥကြော်လေး ရရှီသွားပါပြီ။

Source: Joyousapron.com