အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ငရုတ်ပွ မုန်လာဥနီတို့နဲ့ ရောချက်ထားတဲ့ ဝက်နံရိုးဟင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၁ ကီလိုဂရမ်
  • ရေ
  • ကြက်သွန်ဖြူ ၁၁ မြွှာ (အခွံခွာထားပါ)
  • ဂျင်းတုံး ၁ တုံး
  • ကြက်သွန်နီ ၁ ဥ

  • သစ်တော်သီး ၁ လုံး (အခွံခွာထားပါ)
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၄ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်းတစ်ဝက်
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်ပွအနီနှင့် အစိမ်း (လေးထောင့်အတုံးငယ် တုံးထားပါ)
  • မုန်လာဥနီ ၂ လုံး (အနေတော် အတုံး တုံးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်နံရိုးများကို ရေထဲတွင် နာရီဝက်ခန့် စိမ်ထားပါ။

၂။ ဝက်နံရိုး စိမ်ထားစဉ်မှာ အချဉ်ရည် စပ်ရပါမယ်။ ကြက်သွန်နီနှင့် သစ်တော်သီးကို လေးစိပ် စိပ်ထားပါ။ ထို့နောက် ဖျော်စက်ထဲတွင် ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်နီနှင့် သစ်တော်သီးတို့ထည့်ကာ အနှစ်များ ရလာသည်အထိ ဖျော်ပါ။

၃။ ရရှိလာတဲ့အနှစ်များကို ပန်းကန်လုံးထဲထည့်ပါ။ ထို့နောက် သကြား၊ ဆန်ဝိုင်၊ ဆား၊ နှမ်းဆီ၊ ပဲငံပြာရည်၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မြိတ် ၃ ပုံ ၂ ပုံခန့်ထည့်ကာ သမအောင် ရောမွှေပါ။

၄။ မိနစ် ၃၀ ပြည့်ပါက ဝက်နံရိုးများကို ဖယ်ရှားလိုက်ပါ။ ထို့နောက် စောစောက ဖော်စပ်ထားသော အချဉ်ရည်များကို ဝက်နံရိုးဖြင့် နယ်ပါ။ ထို့နောက် ၁ နာရီခန့် နှပ်ထားပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက ဒယ်အိုးကို အပူပေးပါ။ ဝက်နံရိုးနှင့် အချဉ်ရည်များထည့်ပါ။ ဝက်နံရိုးမြှုပ်သွားသည်အထိ ရေထည့်ပါ။ ထို့နောက် ၁၅ မိနစ်ခန့် တည်ပါ။

၆။ ဝက်နံရိုးရည်များ ပွက်ပွက်ဆူလာပါက မုန်လာဥနီထည့်ကာ ၂ မိနစ်ခန့်တည်ပါ။ ထို့နောက် ငရုတ်ပွများ ထည့်ကာ ၃ မိနစ်ခန့် တည်ပါ။ (မှို ကြိုက်နှစ်သက်ပါက မှိုအနည်းငယ် ထပ်ထည့်နိုင်ပါတယ်)

အားလုံး သမအောင် မွှေပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

Source: Gildedgingerbread.com