တစ်ခါတစ်လေမှာတော့ စားနေကျအရသာတွေနဲ့မတူအောင် ချက်ပြုတ်စားသောက်တာက ပိုပြီးထမင်းစားမြိန်စေပါတယ်။

ဒါကြောင့် အာလူးဟင်းကို စားနေကျအရသာတွေထဲက ကွဲထွက်သွားအောင် ဘယ်လိုချက်ရမလဲဆိုတာလေးကို မျှဝေပေးလိုက်ပါတယ်။ ချက်ရတာလည်း လွယ်ကူတဲ့အတွက် အဆင်ပြေစေမှာပါ။

ပထမဆုံးအနေနဲ့ ဒယ်အိုးကိုမီးဖိုပေါ်တင်ပြီး ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပေးပါ။ ပြီးရင်တော့ ကြက်သွန်နီတစ်လုံးကို ပါးပါးသေးသေးလေးတွေလှီးပြီး ထည့်ပါ။ ကြက်သွန်ဖြူ ၄ တက်ကိုလည်း ပါးပါးသေးသေးလေးတွေလှီးပြီး ထည့်ပေးပါ။

Source: www.tasty.com

ဟင်းမွှေးမဆလာ – လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊ အရောင်တင်ပန်းငရုပ်မှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲစာနဲ့ ကေရန်းငရုပ်ကောင်း – လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ပါ။ ဇီရာမှုန့်ရှိရင် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာထည့်ပေးပါ။ ဟင်းခတ်အမွှေးအကြိုင် – လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ပါးပါးသေးသေးလေးတွေလှီးထားတဲ့ ဂျင်းကိုလည်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာထည့်ပေးပါ။ ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ကိုထည့်ပြီး မွှေပေးပါ။

Source: www.tasty.com

နောက်တစ်ဆင့်အနေနဲ့ အတုံးသေးလေးတွေလှီးထားတဲ့ အာလူး – ၂ ပေါင်စာကို ထည့်မွှေပါ။ ပြီးရင်တော့ ကုလားပဲ (ဆင်ခေါင်ပဲ) ကို ၁၅ အောင်စထည့်ကာမွှေပေးပါ။ Vegetable Broth – တစ်ခွက်စာကိုလည်း ထည့်ပေးပါ။ ဒါကိုတော့ City Mart မှာ ဝယ်ယူနိုင်ပါတယ်။ သံပုရာရည် – စားပွဲတင်ဇွန်း တစ်ဇွန်း၊ ကြေညက်အောင်လှီးပြီးချေထားတဲ့ ခရမ်းချဉ်သီး – ၁၄ အောင်စ ထည့်မွှေပါ။ အုန်းနို့ – ၁၄ အောင်စထည့်ကာ မွှေပေးပြီး တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာရင်တော့ အာလူးနူးပြီဆိုရင် မီးဖိုပေါ်ကချလို့ ရပါပြီ။

Source: www.tasty.com

ဒါဆိုရင်တော့ ပန်းကန်ထဲထည့်ပြီး စားသုံးနိုင်ပါပြီ။ နောက်ဆုံးမှာတော့ ပုံမှန်စားနေကျအရသာတွေထဲက ကွဲထွက်နေတဲ့ အာလူးဟင်းကို ရရှိသွားပါပြီ။

Source: www.tasty.com