အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချိစ်အနံ့ မွှေးမွှေးလေးနဲ့ အာလူး ဝက်သား နူးနူးအိအိ အရသာရှိတဲ့ ဟင်းလျာတစ်မျိုး ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းရွက်ဆီ
  • ဝက်သား ၄ တုံး (နံရိုးပါ အသားတုံး)
  • အာလူး ၆ လုံး (အခွံခွာပြီး အဝိုင်းလိုက် ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၂ ဥ (နုပ်နုပ်စဉ်းထားပါ)
  • အသင့်လုပ် နံနံပင် ခရင်မ် စွပ်ပြုတ် စည်သွပ်ဘူး ၁ ဘူး

  • နွားနို့ ပန်းကန်လုံး ၁ လုံးစာ (စားပွဲတင်ဇွန်း ၁၆ ဇွန်း)
  • ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ချိစ် အနည်းငယ် (ခြစ်ပြားဖြင့် ခြစ်ချထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက် (၁၉၀ ဒီဂရီဆဲလ်ဆီးယပ်)ဖြင့် ကြိုတင်အပူပေးထားပါ။ Oven ထဲထည့်မယ့် လင်ဗန်းကို ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ပါ။ ဆီပူလာပါက ဝက်သားတုံးများထည့်ကာ အညိုရောင် ပြောင်းလာသည်အထိ အပူပေးပါ။ ထို့နောက် အခြားတစ်ဖက်သို့ လှန်ကာ အညိုရောင် ပြောင်းလာသည်အထိ ဆက်လက်အပူပေးပါ။ စုစုပေါင်းကြာချိန် ၈ မိနစ်၊ ၁၀ မိနစ်ခန့် ရှိပါလိမ့်မယ်။

၃။ စောစောက လင်ဗန်းထဲသို့ အာလူးနှင့် ကြက်သွန်နီများထည့်ပြီး သမအောင် လင်ဗန်းကို အနည်းငယ် လှုပ်ခါပေးလိုက်ပါ။

၄။ ထို့နောက် ခရင်မ်စွပ်ပြုတ်နှင့် နွားနို့၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ကို အာလူးပေါ်သို့ လောင်းထည့်လိုက်ပါ။

၅။ ပြီးရင်တော့ ဝက်သားတုံး ၄ တုံးကို အာလူးပေါ်မှာ တင်ထားလိုက်ပါ။

၆။ ထိုလင်ဗန်းကို ကြိုတင်အပူပေးထားသော Oven ထဲတွင် ၅၅ မိနစ်မှ ၆၅ မိနစ်အထိ ထည့်ထားလိုက်ပါ။

၇။ သတ်မှတ်ချိန်ပြည့်သွားပါက Oven ထဲက ထုတ်ပြီး ချိစ်အနည်းငယ် ထပ်ဖြူးလိုက်ပါ။ ထို့နောက် ၅ မိနစ်ခန့် Oven ထဲတွင် အပူပြန်ပေးလိုက်ပါ။

ချိစ်များ အရည်ပျော်သွားတဲ့အခါမှာတော့ နူးနူးအိအိလေးနဲ့ အရသာရှိတဲ့ ချိစ် အာလူး ဝက်သားဟင်းလေး ရရှိသွားပါပြီ။

Source: Thespruceeats.com