ပင်လယ်စာ ပုစွန်ဟင်း ကြိုက်နှစ်သက်သူများအတွက် သခွားသီး ငရုတ်ပွ ပုစွန်ရောကြော် ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၂ ပေါင် (အခွံခွာပြီး ရေဆေးသန့်စင်ထားပါ)
  • သခွားသီး ၂ လုံး
  • ငရုတ်ပွ ၃ လုံး (အရောင်မတူသော ငရုတ်ပွများကို ရွေးချယ်ပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သခွားသီးနှင့် ငရုတ်ပွတို့ကို အနေတော်အရွယ်အစား လှီးဖြတ်ထားပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲသို့ ပုစွန်များထည့်ကာ ငရုတ်သီးမှုန့်၊ ဆား၊ သံလွင်ဆီတို့ဖြင့် သမအောင် ရောနယ်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီးနောက် ပုစွန်များထည့်ကာ ၆ မိနစ်၊ ၇ မိနစ်ခန့် အပူပေးလိုက်ပါ။ ပုစွန်များ ကျက်သွားပါက ပန်းကန်ထဲသို့ ဆယ်ထားလိုက်ပါ။

၄။ ထိုဒယ်အိုးထဲသို့ပင် ကြက်သွန်ဖြူ၊ ထောပတ်နှင့် ဟင်းသီးဟင်းရွက်တို့ထည့်ပါ။ ဆားအနည်းငယ်ထည့်ကာ ၁၀ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၅။ ဟင်းသီးဟင်းရွက်များ နူးသွားပြီဆိုရင်တော့ ပုစွန်များထည့်ကာ သမအောင် မွှေပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ မီးဖိုပေါ်က ချခါနီးမှ နံနံပင် အုပ်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ သခွားသီး ငရုတ်ပွ ပုစွန်ရောကြော်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Cooktoria.com