အားလုံးပဲ မင်္ဂလာပါ။ ပုစွန်ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပင်လယ်စာ ပုစွန်ထမင်းကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၄ လုံးစာ
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ပုစွန် ၁ ပေါင် (အခွံချွတ်ပြီး ရေဆေးထားပါ)
  • ကြက်သွန်နီ ၁ ဥ (နုပ်နုပ်စဉ်းထားပါ)

  • ငရုတ်ပွ အစိမ်း (လေးထောင့်အတုံးငယ် တုံးထားပါ)
  • မုန်လာဥနီ ၁ လုံး (ငရုတ်ပွနှင့် အရွယ်အစားတူ လှီးဖြတ်ထားပါ)
  • ပဲလုံးစိမ်း ပန်းကန်လုံး တစ်ဝက်စာ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် မွှေခလောက်ထားပါ။ ဒယ်အိုးထဲသို့ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီးနောက် အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးပါ။ ဆီပူလာပါက ကြက်ဥထည့်ကာ ၂ မိနစ်ခန့်ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၁ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ ကြက်ဥကြော်ကို ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၂။ ဒယ်အိုးထဲသို့ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ထည့်ပါ။ ပုစွန်ကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ပြီးနောက် ဒယ်အိုးထဲထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ ရွှေရောင် ပြောင်းသည်အထိ ကြော်လိုက်ပါ။

ပုစွန်ကြော်များကို ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

၃။ ဒယ်အိုးထဲသို့ နှမ်းဆီထည့်ပြီးနောက် ကြက်သွန်နီ၊ ငရုတ်ပွ၊ မုန်လာဥနီတို့ထည့်ကာ ၅ မိနစ်ခန့် မွှေကြော်လိုက်ပါ။ ထို့နောက် ပဲလုံးစိမ်းနှင့် ဆား၊ ငရုတ်ကောင်း အနည်းငယ် ထည့်ကာ နောက်ထပ် ၂ မိနစ်ခန့် မွှေကြော်ပါ။

၄။ ကြက်ဥကြော်များကို ခပ်ပါးပါးလှီးဖြတ်ထားပါ။

၅။ ဒယ်အိုးထဲသို့ ထမင်းထည့်ပြီးနောက် ပဲငံပြာရည် ဆမ်းထည့်လိုက်ပါ။ ပုစွန်ကြော်နှင့် ကြက်ဥကြော်တို့ ပေါင်းထည့်ကာ အားလုံး သမသွားအောင် ရောမွှေလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ပင်လယ်စာ ပုစွန်ထမင်းကြော် ရရှိသွားပါပြီ။

Source: Jocooks.com