အားလုံးပဲ မင်္ဂလာပါ။ ပုံမှန်ဆိုရင် ခရမ်းချဉ်သီးသုပ်ကို ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ဆီ၊ ဆား စတဲ့ ပါဝင်ပစ္စည်း လေးမျိုးတည်းနဲ့ သုပ်စားလေ့ရှိကြပါတယ်။

ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ ပါဝင်ပစ္စည်း စုံစုံလင်လင်နဲ့ အရသာရှိတဲ့ ခရမ်းချဉ်သီးသုပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး ၄ လုံး၊ ငါးလုံးခန့်
  • ဆလပ်ရွက် ၇၅ ဂရမ်
  • ကြက်သွန်နီ ၁ လုံး
  • သံလွင်ဆီ စားပွဲတင်ဇွန်း လေးဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း သုံးဇွန်း

  • ချိစ် အနည်းငယ်
  • ရှာလကာရည် စားပွဲတင်ဇွန်း တစ်ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ပါးပါးလှီးထားပါ။ ဆလပ်ရွက်ကို အနေတော် ဖဲ့ချွေထားပါ။ ချိစ်ကို အချောင်းလေးတွေရအောင် လှီးဖြတ်ထားပါ။

၂။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲတွင် ခရမ်းချဉ်သီး၊ ဆလပ်ရွက်နှင့် ကြက်သွန်နီတို့ထည့်ပြီး သမအောင် မွှေထားလိုက်ပါ။

၃။ ထို့နောက် သံလွင်ဆီ၊ သံပုယိုရည်၊ ချိစ်၊ ရှာလကာရည်၊ ကြက်သွန်ဖြူ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။ အရသာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။ လိုအပ်မယ်ဆိုပါက ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထပ်ထည့်နိုင်ပါတယ်။

Source: Cafedelites.com