နွားနို့သောက်သုံးခြင်းက အရိုးအဆစ်တွေကို ကျန်းမာကြံ့ခိုင်စေရုံသာမကဘဲ အသားအရေကိုလည်း နူးညံ့စိုပြေစေပါတယ်။ တကယ်လို့ သင်က နွားနို့ချစ်သူတစ်ယောက်ဆိုရင်တော့ အိမ်မှာနွားနို့ပုလင်းတွေ တစ်ပတ်စာရိက္ခာအပြည့် ဝယ်ထားလေ့ရှိမှာပါ။

ဒါပေမဲ့ နွားနို့ပုလင်းရဲ့ သက်တမ်းကုန်မယ့်ရက်ကလည်း နီးလာပြီ တစ်ယောက်တည်းလည်း သောက်လို့ မနိုင်တော့ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို အသုံးပြုပေးလိုက်လို့ရပါတယ်။

ရေခဲမုန့် ပြုလုပ်ဖို့အတွက် နွားနို့အသုံးပြုပါ

Source: cookingwithdog.com

မိမိအိမ်မှာအလွယ်တကူပြုလုပ်နိုင်တဲ့ ရေခဲမုန့်ပြုလုပ်နည်းတွေကလည်း လွယ်လွယ်ကူကူလေးတွေပါပဲ။ MyFood Myanmar မှာလည်း ရေခဲမုန့်ပြုလုပ်နည်းလေးတွေ အမြောက်အမြားတင်ပေးထားပါသေးတယ်နော်။ ထိုလုပ်နည်းလေးတွေကိုကြည့်ပြီး သက်တမ်းကုန်ခါနီးနွားနို့ကို အကျိုးရှိရှိအသုံးချနိုင်ပါတယ်။

Smoothie ဖျော်သောက်တဲ့အခါ နွားနို့ ထည့်ဖျော်ပါ

Source: guidingstars.com

သစ်သီးဖျော်ရည် ဖျော်သောက်တဲ့အခါ နွားနို့ထည့်ဖျော်မယ်ဆိုရင် အရသာပိုမိုကောင်းမွန်မှာပဲဖြစ်ပါတယ်။ နွားနို့ချည်းပဲ သီးသန့်သောက်ရမှာ ငြီးငွေ့နေပြီဆိုရင် အအေးသောက်တဲ့အခါ ထည့်ဖျော်သောက်ပေးလိုက်ပါ။

သီးစုံသစ်သီးလေးထဲသို့ နွားနို့တွေ လောင်းထည့်ပြီး ဒိုမိနိုလုပ်စားပါ

Source: yummyoyummy.com

သီးစုံသစ်သီးလေးတွေက အရသာမျိုးစုံပေးစွမ်းမယ့်အပြင် အာဟာရပြည့်ဝတဲ့ နွားနို့ကလည်း သင့်ကို ခွန်အားပြည့်ဝပြီး အားရှိအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

ကော်ဖီ သောက်တဲ့အခါ နွားနို့ထည့်ဖျော်ပါ

Source: driftaway.coffee

ကော်ဖီချစ်သူတွေအနေနဲ့ ကော်ဖီအပြင်းစားတွေ နေ့တိုင်းသောက်မယ်ဆိုရင် နှလုံးတုန် ရင်ခုန်ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုမဖြစ်ဖို့အတွက် ကော်ဖီထဲ နွားနို့ထည့်သောက်လိုက်ပါ။

ပြောင်းဖူးပြုတ်တဲ့အခါ နွားနို့အနည်းငယ်ထည့်ပါ

Source: 12tomatoes.com

ပြောင်းဖူးပြုတ်မယ့်ရေထဲသို့ နွားနို့အနည်းငယ်ထည့်လိုက်ပါ။ ထို့နောက် ပြောင်းဖူးများထည့်ပြုတ်လိုက်ပါ။ နွားနို့ရဲ့ ဆိမ့်သက်တဲ့အရသာက ပြောင်းဖူးထဲကို တဖြည်းဖြည်း စိမ့်ဝင်သွားတာကြောင့် အရသာရှိတဲ့ ပြောင်းဖူးပြုတ်လေးကို သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။