အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကိုယ်အလေးချိန်လျော့ချချင်သူများအတွက် ထမင်းအဖြစ်အစားထိုးစားသုံးနိုင်မယ့် ကယ်လိုရီနဲ့အဆီပါဝင်မှုနည်းတဲ့ ကြက်ဥ ပန်းဂေါ်ဖီကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီ ၁ ပွင့်
  • ငရုတ်ပွ အနီ ၁ ခြမ်း
  • ငရုတ်ပွ အဝါရောင် ၁ ခြမ်း
  • ငရုတ်ပွ အစိမ်းရောင် ၁ ခြမ်း

  • ကြက်သွန်ဖြူ ၂ မွှာ
  • ပဲငံပြာရည် အနည်းငယ်
  • ကြက်သွန်မြိတ်အနည်းငယ်
  • ကြက်ဥ ၁ လုံး

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းဂေါ်ဖီများကို လှီးဖြတ်ပြီးနောက် သစ်သီးကြိတ်စက်ထဲထည့်ကာ ကြိတ်ချေပေးလိုက်ပါ။

ငရုတ်ပွများကို ပါးပါးလှီးပြီးနောက် ဆီနည်းနည်းနဲ့ထည့်ကြော်ပေးလိုက်ပါ။

ထို့နောက် ကြက်ဥတစ်လုံးဖောက်ထည့်ပြီး ကြက်ဥများ ညီညီညာညာပြန့်နှံ့သွားအောင် ကြော်ပေးလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ကြိတ်ချေထားသော ပန်းဂေါ်ဖီများကို ထည့်ကြော်ပေးလိုက်ပါ။ ပဲငံပြာရည်နဲ့ ကြက်သွန်မြိတ်များ ထပ်ထည့်ပြီး ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

အရသာ အပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ အရသာရှိတဲ့ဟင်းတစ်ခွက် ရရှိသွားပါပြီ။ ပန်းဂေါ်ဖီပွင့်များကို ကြေညက်အောင်ကြိတ်ချေထားတဲ့တွက်ကြောင့် ဝိတ်လျော့နေတဲ့သူများအတွက် ထမင်းအဖြစ်အစားထိုး စားသုံးနိုင်ပါသေးတယ်။ ဒါ့အပြင် သတ်သတ်လွတ်သမားများအနေနဲ့ ကြက်ဥထည့်မကြော်လည်းဘဲ ထူးကဲကောင်းမွန်တဲ့အရသာရရှိမှာဖြစ်ပါတယ်။

Source: Kitchenbowl