အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထမင်းကြော်ပူပူလေး ကြိုက်နှစ်သက်သူများအတွက် ကြက်သွန်မြိတ် ကြက်ဥမွှေကြော်နဲ့ ရောကြော်ထားတဲ့ ထမင်းကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၃ လုံးစာ
  • ကြက်ဥ ၃ လုံး
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သွန်မြိတ်များကို ပါးပါးလှီးထားပါ။

၂။ ကြက်ဥများကို ပန်းကန်လုံးထဲ ဖောက်ထည့်ပြီးနောက် မွှေခလောက်ထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ပါးပါးလှီးထားသော ကြက်သွန်မြိတ် ၃ ပုံ ၂ ပုံ ခန့်ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်လိုက်ပါ။

၄။ မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျော့ချပြီးနောက် ကြက်ဥများ လောင်းထည့်ကာ မွှေကြော်လိုက်ပါ။ ရရှိလာတဲ့ ကြက်သွန်မြိတ် ကြက်ဥမွှေကြော်ကို ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၅။ တစ်ဖန် မီးအပူရှိန်ကို အလယ်အလတ်အပူရှိန်သို့ မြှင့်လိုက်ပါ။ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထပ်ထည့်ပါ။ ကျန်ရှိနေသော ကြက်သွန်မြိတ်များအားလုံး လောင်းထည့်ကာ ကြက်သွန်မြိတ်များ ပျော့သွားသည်အထိ ဆီသတ်ပါ။ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၆။ ထို့နောက် ထမင်းထည့်ကာ သမအောင် မွှေကြော်ပါ။

၇။ ကြက်ဥမွှေကြော်များ ထည့်ကာ ထမင်းနဲ့ နှံ့စပ်သွားအောင် ကြော်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။ မီးဖိုပေါ်က ချခါနီးကျမှ နှမ်းဆီနှင့် နှမ်းစေ့တို့ ထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သွန်မြိတ် ကြက်ဥမွှေ ထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Koreanbapsang.com