အားလုံးပဲ မင်္ဂလာပါ။ ခေါက်ဆွဲကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကြက်ဥ ခေါက်ဆွဲကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲ ၁၆၀ ဂရမ်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ထောင်းထားပါ)

  • ဟင်းနုနွယ် လက်နှစ်စာခန့်
  • ငရုတ်သီးတောင့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ဆားနှင့် သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံစီ
  • ငရုတ်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခေါက်ဆွဲများကို ရေနွေးပူထဲတွင် မိနစ် ၃၀ ခန့် စိမ်ထားပါ။ (ခေါက်ဆွဲခြောက်တံဆိပ် အမျိုးအစားပေါ် မူတည်ပြီး မိနစ်အနည်းငယ် ကွာခြားနိုင်ပါတယ်။ ခေါက်ဆွဲထုပ်အညွှန်းပေါ်တွင် ဖတ်ရှုနိုင်ပါတယ်။)

၂။ ရေစိမ်ပြီးသားခေါက်ဆွဲများကို ရေအေးဖြင့် ထပ်မံဆေးကြောလိုက်ပါ။ ထို့နောက် ကတ်ကြေးဖြင့် ညှပ်ပေးနိုင်ပါတယ်။

၃။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ရှာလကာရည်၊ နှမ်းဆီ၊ ဆား၊ သကြားနှင့် ငရုတ်ဆီတို့ထည့်ကာ သမအောင် ရောမွှေထားပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက မွှေခလောက်ထားသော ကြက်ဥများထည့်ကာ မွှေကြော်ပေးလိုက်ပါ။

၅။ ကြက်ဥကြော်များ ကျက်သွားပြီဆိုတာနဲ့ ကြက်သွန်နီနှင့် ဂျင်းတို့ထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပါ။

၆။ ထို့နောက် ခေါက်ဆွဲများထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ပြီးရင်တော့ အဆင့် (၃) က ပြုလုပ်ထားသော ပဲငံပြာရည်ဆော့စ်များ လောင်းထည့်ကာ သမအောင် ရောကြော်ပါ။

၇။ ထို့နောက် ဟင်းနုနွယ်နှင့် ငရုတ်သီးတို့ထည့်ပါ။ သမအောင် မွှေကြော်ပြီးနောက်မှာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ ထို့နောက် မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥ ခေါက်ဆွဲကြော်လေး ရရှိသွားပါပြီ။

Source: Redhousespice.com