အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ထမင်းနဲ့ တွဲဖက်စားသုံးနိုင်ရုံမက ပေါင်မုန့်နဲ့ပါ တွဲဖက်စားသုံးနိုင်တဲ့ ခရမ်းချဉ်သီး ကြက်ဥ Half-Fried ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ခရမ်းချဉ်သီးဆော့စ် ၅၉၀ မီလီလီတာ (စားပွဲတင်ဇွန်း ၃၉ ဇွန်း)
  • ကြက်ဥ ၄ လုံး

  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပင်စိမ်းရွက် ၅ ရွက်၊ ၇ ရွက်ခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ငရုတ်သီးမှုန့် ထည့်ကာ ၁ မိနစ်ခန့် မွှေပေးရပါမယ်။

၂။ ထို့နောက် ခရမ်းချဉ်သီးအနှစ်များထည့်ကာ ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ကြက်ဥ ၄ လုံးကို ခရမ်းချဉ်သီးအနှစ်ထဲသို့ ဖောက်ထည့်လိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြူးထည့်ပြီးနောက် ဒယ်အိုးအဖုံးအုပ်ထားကာ ၅ မိနစ်ခန့် တည်ထားလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ ပင်စိမ်းရွက် (သို့) နံနံပင် အုပ်ပြီး မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ ခရမ်းချဉ်သီးအနှစ် ကြက်ဥဟင်းလေး ရရှိသွားပါပြီ။ ထိုကြက်ဥဟင်းကို ထမင်းနဲ့ တွဲဖက်စားသုံးလို့လည်း ရသလို အဆာပြေမုန့်အဖြစ် စားချင်တယ်ဆိုရင်တော့ ပေါင်မုန့်နဲ့ တွဲစားနိုင်ပါသေးတယ်။

Source: Seonkyounglongest.com