အားလုံးပဲ မင်္ဂလာပါ။ အာဟာရပြည့်ဝပြီး အရသာရှိတဲ့ စွပ်ပြုတ်တစ်ခွက် ပြုတ်သောက်ချင်သူများအတွက် ဂေါ်ဖီ၊ မုန်လာဥနီနဲ့ ကြက်သားစဉ်းကော တို့ဖြင့် အရသာရှိရှိ ချက်ပြုတ်ထားတဲ့ ကြက်စွပ်ပြုတ်ဟင်းရည် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ဂေါ်ဖီထုပ် အသေး တစ်ထုပ် (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၁ လုံး (အချောင်းလိုက် ခပ်ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ပြုတ်ရည် ၁ လီတာခွဲ
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စွပ်ပြုတ်အိုးထဲသို့ နုပ်နုပ်စဉ်းထားသော ကြက်သားများထည့်ကာ အလယ်အလတ်မီးအပူချိန်ဖြင့် ၅ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၂။ ထိုအိုးထဲသို့ သံလွင်ဆီ ထည့်ပါ။ ဂေါ်ဖီ၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ ၁၀ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၃။ ဂေါ်ဖီက ပျော့သွားပြီဆိုရင်တော့ ကြက်ပြုတ်ရည် လောင်းထည့်လိုက်ပါ။ ဆားအနည်းငယ်နှင့် နှမ်းဆီ ထည့်ကာ မိနစ် ၂၀ ခန့် ဆူပွက်လာအောင် တည်ထားရပါမယ်။

၄။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာအပေါ့အငန်မြည်းကြည့်ပါ။ မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်များ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အာဟာရပြည့်ဝပြီး အရသာရှိတဲ့ ကြက်စဉ်းကော စွပ်ပြုတ်ဟင်းရည်လေး ရရှိသွားပါပြီ။

Source: Jocooks.com