အားလုံးပဲ မင်္ဂလာပါ။ ဟင်းလျာတွေ ချက်ပြုတ်တဲ့အခါ အရသာရှိရှိချက်ပြုတ်ဖို့လည်း လိုအပ်သလို ဟင်းလျာပြင်ဆင်ပုံကလည်း လှလှပပ သပ်သပ်ရပ်ရပ်လေးနဲ့ စားချင်စဖွယ်ဖြစ်အောင်လည်း ပြင်ဆင်တတ်ဖို့လိုပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ခရမ်းချဉ်သီးနဲ့ ကြက်ဥကို ဘယ်လိုမျိုး လှလှပပနဲ့ အရသာရှိရှိ ပြင်ဆင်ချက်ပြုတ်ရမလဲဆိုတာ ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး ၆ လုံး
  • ကြက်ဥ ၆ လုံး
  • သံလွင်ဆီ အနည်းငယ်
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ခရမ်းချဉ်သီးကို ရေစင်အောင် ဆေးပြီး ခရမ်းချဉ်သီးရဲ့ ထိပ်ပိုင်း ၃ ပုံ ၁ ပုံခန့်ကို လှီးဖြတ်လိုက်ပါ။ အထဲက ခရမ်းချဉ်သီးအသားများကို ဇွန်းဖြင့် အသာအယာဖယ်ထုတ်လိုက်ပါ။

၃။ ခရမ်းချဉ်သီးများကို Oven ထဲထည့်မယ့် လင်ဗန်းပေါ်မှာ အစီအရိတင်ထားလိုက်ပါ။ ခရမ်းချဉ်သီးထဲသို့ နံနံပင်အနည်းငယ်ထည့်ပါ။ ကြက်ဥ ၁ လုံးစီ ဖောက်ထည့်လိုက်ပါ။

၄။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ဖြူးလိုက်ပါ။ သံလွင်ဆီ အနည်းငယ် သုတ်လိမ်းပြီးနောက် Oven ထဲမှာ မိနစ် ၂၀ ခန့် ထည့်ထားလိုက်ပါ။

မိနစ် ၂၀ ပြည့်သွားရင်တော့ လှလှပပလေးနဲ့ အရသာရှိတဲ့ ခရမ်းချဉ်သီးခွက်ထဲက ကြက်ဥဟင်းလေးရရှိသွားပြီပဲဖြစ်ပါတယ်။

Source: paleoleap.com