အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ စာဖတ်သူတို့အားလုံးအတွက် ခရမ်းသီး ဆီပြန်ချက်နည်းကို မျှဝေပေးချင်ပါတယ်နော်။

အရမ်းလည်းအရသာရှိပြီး နူးနူးအိအိလေးနဲ့ ထမင်းစားမြိန်စေမှာဆိုတော့ စာဖတ်သူတို့ အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်း

  • ခရမ်းသီး ၂၀၀ ဂရမ်
  • အသားတောက်တောက်စဉ်း (ကြက်သား/ဝက်သား) အနည်းငယ်
  • ကြက်သွန်ဖြူ တောက်တောက်စဉ်း
  • ရေနွေးနဲ့ ရေအေး အနည်းငယ်
  • ကြက်သွန်မြိတ်အနည်းငယ်

အရသာလုပ်ရန်

  • သကြား
  • ငရုတ်သီး အနှစ်
  • ရှာလကာရည်
  • ဆား
  • ငရုတ်ကောင်းမှုန့်

ပြုလုပ်နည်း

အရင်ဆုံး ခွက်တစ်လုံးထဲကို ရေနွေး၊ ပဲငံပြာရည်နဲ့ သကြားထည့်လိုက်ပါ။ ပြီးရင် သကြားအရည်ပျော်သွားတဲ့အထိ မွှေပေးလိုက်ပါ။

ခရမ်းသီးကို အရှည်လေး လှီးပေးပါ။

ပြီးရင် အိုးကိုအပူပေးလိုက်ပြီး ဆီထည့်လိုက်ပါ။

ခရမ်းသီးထည့်ပြီး ကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ဆီဆစ်ပြီး ပန်းကန်ထဲထည့်ထားလိုက်ပါ။

ဆီပူပူလေးထည့်လိုက်ပြီး အသားတောက်တောက်စဉ်း၊ ငရုတ်သီးအနှစ် (ငရုတ်သီးအခြောက်ကိုထောင်းလိုက်ပြီးထည့်လည်းရပါတယ်။) တို့ကိုကြော်လိုက်ပါ။ ပြီးရင် ကြက်သွန်ဖြူ ထည့်လိုက်ပါ။ အဲဒီနောက် စောစောက ရေနွေး၊ ပဲငံပြာရည်၊ သကြားရောထားတာကိုထည့်လိုက်ပါ။

ပြီးသွားရင်တော့ ဆော့လ်က နည်းနည်းလေးပျစ်လာရင် ခရမ်းသီးထည့်လိုက်ပါ။

ပြီးရင်သေချာလေး မွှေပေးလိုက်ပါ။

အဲဒီနောက် ရေလေးနည်းနည်းထည့်လိုက်ပြီး ဆား၊ ငရုတ်ကောင်း၊ ရှလကာရည်တို့ကိုထည့်ပြီး အုပ်ထားလိုက်ပါ။

ပြီးရင် ကြက်သွန်မြိတ်အပေါ်ကနေ ဖြူးလိုက်ပြီး သုံးဆောင်လို့ရပါပြီ။

Source: www.yumofchina.com

By: MyFood Myanmar