အားလုံးပဲ မင်္ဂလာပါ။ ရောဂါကာကွယ်ပေးတဲ့ ဟင်းသီးဟင်းရွက်များ မှန်မှန်စားသုံးပေးခြင်းက ကျန်းမာရေးအတွက် ကောင်းကျိုးများ ပေးစွမ်းနိုင်တာကြောင့် ဒီတစ်ခါမှာတော့ ခရမ်းသီးမွှေကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ခရမ်းသီးကို ဝက်သားနဲ့ မွှေကြော် ကြော်မှာပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်သား ဝ.၂ ပေါင် (နုပ်နုပ်စဉ်းထားပါ)
- ဂျင်း ၂ ပြား
- ကြက်သွန်နီ ၅ မြွှာ (နုပ်နုပ်စဉ်းထားပါ)
- ငရုတ်သီး ၂ တောင့် (ပါးပါးလှီးထားပါ)
- ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
- ခရမ်းသီး ၃ လုံး (ခပ်ရှည်ရှည် လှီးဖြတ်ထားပါ)
- ဆီ ၈၀ မီလီလီတာ
- သကြားနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
- ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း
- ခရုဆီ စားပွဲတင်ဇွန်းတစ်ဝက်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ခရမ်းသီးထည့်ပြီး ၈ မိနစ်၊ ၁၀ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။
၂။ ခရမ်းသီး နူးအိသွားပါက ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားပါ။ ဆီအနည်းငယ်ကိုတော့ အိုးထဲမှာ ချန်ထားခဲ့ရပါမယ်။
၃။ နုပ်နုပ်စဉ်းထားသော ဝက်သားထည့်ပြီးနောက် ဂျင်း၊ ကြက်သွန်ဖြူတို့ထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၄။ (၂) မိနစ်ပြည့်မှ စောစောကကြော်ထားသော ခရမ်းသီးများကို ဝက်သားအိုးထဲ ပြန်ထည့်ကာ ဆား၊ သကြား၊ ပဲငံပြာရည်အနောက်နှင့် ခရုဆီတို့ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။
၅။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ငရုတ်သီးနှင့် ကြက်သွန်မြိတ်လေးထည့်ကာ တစ်မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။
ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သား ခရမ်းသီးကြော်လေး ရရှိသွားပါပြီ။
ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်လိုက်ပါ။
Source: Spicetheplate.com