အားလုံးပဲ မင်္ဂလာပါ။ ရောဂါကာကွယ်ပေးတဲ့ ဟင်းသီးဟင်းရွက်များ မှန်မှန်စားသုံးပေးခြင်းက ကျန်းမာရေးအတွက် ကောင်းကျိုးများ ပေးစွမ်းနိုင်တာကြောင့် ဒီတစ်ခါမှာတော့ ခရမ်းသီးမွှေကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ခရမ်းသီးကို ဝက်သားနဲ့ မွှေကြော် ကြော်မှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ဝ.၂ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ဂျင်း ၂ ပြား
  • ကြက်သွန်နီ ၅ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီး ၂ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

  • ခရမ်းသီး ၃ လုံး (ခပ်ရှည်ရှည် လှီးဖြတ်ထားပါ)
  • ဆီ ၈၀ မီလီလီတာ
  • သကြားနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ခရမ်းသီးထည့်ပြီး ၈ မိနစ်၊ ၁၀ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၂။ ခရမ်းသီး နူးအိသွားပါက ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားပါ။ ဆီအနည်းငယ်ကိုတော့ အိုးထဲမှာ ချန်ထားခဲ့ရပါမယ်။

၃။ နုပ်နုပ်စဉ်းထားသော ဝက်သားထည့်ပြီးနောက် ဂျင်း၊ ကြက်သွန်ဖြူတို့ထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ (၂) မိနစ်ပြည့်မှ စောစောကကြော်ထားသော ခရမ်းသီးများကို ဝက်သားအိုးထဲ ပြန်ထည့်ကာ ဆား၊ သကြား၊ ပဲငံပြာရည်အနောက်နှင့် ခရုဆီတို့ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၅။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ငရုတ်သီးနှင့် ကြက်သွန်မြိတ်လေးထည့်ကာ တစ်မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သား ခရမ်းသီးကြော်လေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: Spicetheplate.com