အားလုံးပဲ မင်္ဂလာပါ။ ခရမ်းသီးနှပ်ဟင်းလျာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာချက်ပြုတ်နည်းကတော့ ကြက်သွန်ဖြူဆော့စ်နှင့် ဝက်သားတို့ ထည့်ချက်ထားတဲ့ ခရမ်းသီးနှပ်ဟင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး ၅၀၀ ဂရမ်
  • ဝက်သား ၁၅၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်သီးအနီ အခြောက်တောင့် ၄ တောင့် (ထက်ခြမ်း ခြမ်းထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့်အရည် (ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်းဖြင့် ရောနှောထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းသီးများကို ၆ စင်တီမီတာအရှည်ခန့် လှီးဖြတ်ထားပါ။ ထို့နောက် ဆားရေထဲတွင် ၁၅ မိနစ်မှ မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။

စိမ်ပြီးသွားတဲ့အခါ ခရမ်းသီးများကို ဆယ်ယူပြီး ရေခြောက်အောင် သုတ်ပါ။

၂။ ထို့နောက် ဆီပူထဲတွင် ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပါ။ ထို့နောက် ပန်းကန်ထဲသို့ ဆယ်ယူထားပါ။

၃။ ဒယ်အိုးထဲတွင် မီးအေးအေးဖြင့် ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်မြိတ်နှင့် ငရုတ်သီးတောင့်တို့ကို ဆီသတ်ပါ။ နုပ်နုပ်စဉ်းထားသော ဝက်သားထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ငရုတ်နှစ်၊ ငရုတ်ကောင်းစေ့၊ ခရုဆီ၊ သကြားနှင့် ဟင်းချက်ဝိုင်တို့ထည့်ကာ သမအောင် ရောမွှေပါ။

၄။ တစ်ဖန် ခရမ်းသီးထည့်ကာ ခရမ်းသီးများ နူးအိလာသည်အထိ ရောမွှေပါ။ ပြောင်းမှုန့်အရည်ထည့်ပါ။ နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် ရှာလကာရည်တို့ထည့်ကာ ရောမွှေပေးပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဝက်သားစဉ်းကော ခရမ်းသီးနှပ်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Tasteasianfood.com