အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ကြက်သွန်ချဉ် အပ်မှိုသုပ် အရံဟင်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အပ်မှို ၁၄ အောင်စ
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)နှင့် ကြက်သွန်မြိတ် ၁ ပင် (နုပ်နုပ်စဉ်းထားပါ)
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အပ်မှိုရဲ့ အမြစ်များကို တစ်လက်မခန့် ဖြတ်ထုတ်လိုက်ပါ။ ထို့နောက် သင့်ရဲ့လက်ချောင်းများဖြင့် အပ်မှိုအစည်းလိုက်ကို အပ်မှို သုံးချောင်း၊ လေးချောင်းစီလောက်ဖြစ်သွားအောင် ခွာလိုက်ပါ။ ပြီးရင်တော့ ရေဖြင့် စင်ကြယ်အောင် ဆေးကြောပေးရပါမယ်။

၂။ အိုးတစ်လုံးထဲတွင် ရေနွေးတည်ထားလိုက်ပါ။ ရေနွေးပွက်ပွက်ဆူပါက အပ်မှိုများကို တစ်မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။ တစ်မိနစ်ပြည့်ရင်တော့ အပ်မှိုများကို ပန်းကန်ထဲသို့ ဆယ်ယူထားလိုက်ပါ။

၃။ ဒယ်အိုးအသေးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ပြီး ၁၀ စက္ကန့်ခန့် ဆီသတ်ပါ။ ထို့နောက် ပဲငံပြာရည်အကြည်၊ သကြားနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ ဆီက ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။

၄။ ထို့နောက် ရရှိလာတဲ့ ကြက်သွန်ချဉ် ပူပူလေးကို အပ်မှိုပေါ်သို့ လောင်းချလိုက်ပါ။ သမအောင် ရောနယ်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကြက်သွန်ချဉ် အပ်မှိုသုပ်လေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Thewoksoflife.com