အချို့သော စားဖိုမှူးများ၊ ဟင်းချက်တဲ့ အိမ်ရှင်မများက သစ်သီးတိုင်းကို အခွံခွာပြီးမှ စားလေ့ရှိကြပြီး အချို့ကျတော့ အာဟာရဓာတ်များ အပြည့်အဝရရှိနိုင်ဖို့ရန်အတွက် အခွံပါစားလေ့ရှိပါတယ်။

ဘယ်သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကတော့ အခွံခွာသင့်ပြီး ဘယ်သစ်သီးတွေကတော့ဖြင့် အခွံနဲ့တကွ စားသုံးသင့်သလဲဆိုတာကို သင် သိပါသလား။

သင် သိထားတဲ့တာနဲ့ အခုဖော်ပြပေးမယ့် အချက်များ မှန် မမှန် တိုက်ကြည့်လိုက်ရအောင်။

ခရမ်းသီး၊ သခွားသီး၊ ကျောက်ဖရုံသီး၊ ဘူးသီးကဲ့သို့ အသီးများ

ထိုဟင်းသီးဟင်းရွက်များကို တချို့တွေကလည်း အခွံပါ ထည့်ချက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ အခွံခွာပြီးမှ ထည့်ချက်တာကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။ အခွံပါစားမယ်ဆိုရင်တော့ ထိုအခွံများကို ချေဖျက်ရာမှာ အချိန်ကြာတာကြောင့် သင့် အစားချေစနစ်ကို နှေးကွေးစေပါတယ်။

ပျော့တဲ့ သစ်သီးများကို ဘယ်လိုအခွံခွာရမလဲ

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံအမျိုးအစားတွေက တစ်မျိုးနဲ့တစ်မျိုး မတူညီတာကြောင့် ခွာပုံခွာနည်းတွေကလည်း ပြောင်းလဲသွားတတ်ပါတယ်။ အာလူး၊ မုန်လာဥနီလို ဟင်းသီးဟင်းရွက်တွေကိုတော့ ဓားနဲ့ပဲဖြစ်ဖြစ် ခြစ်တံလေးနဲ့ပဲဖြစ်ဖြစ် အခွံခွာလို့ရပေမယ့် ခရမ်းချဉ်သီးလို ပျော့တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ဓားနဲ့ အခွံခွာလို့မရပါဘူး။

ခရမ်းချဉ်သီး၊ မက်မွန်သီး စတဲ့အစားအစာတွေကိုတော့ ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲမှာ စက္ကန့် ၃၀၊ တစ်မိနစ်ခန့် ထည့်ပြုတ်ပြီးမှ အခွံခွာလို့ရမှာပဲဖြစ်ပါတယ်။

အခွံထူတဲ့ သစ်သီးများကို ဘယ်လိုအခွံခွာရမလဲ

ဖရဲသီး၊ သံပုယိုသီး စတဲ့ အခွံထူတဲ့ သစ်သီးတွေကို ခွာမယ်ဆိုရင်တော့ အရင်ဦးဆုံး အစွန်းနှစ်ဖက်ကို လှီးလိုက်ပါ။

ပြီးရင် အလယ်တည့်တည့်ကို ထက်ခြမ်းခြမ်းပြီးမှ တစ်ခြမ်းချင်းစီကို ခပ်ပါးပါးပြန်လှီးဖြတ်ရမှာပဲဖြစ်ပါတယ်။

ကြက်သွန်နီလို သစ်ဖုသစ်ဥအစားအစာများကို အခွံခွာတဲ့အခါ

ကြက်သွန်နီကတော့ အခွံပါးတဲ့အတွက်ကြောင့် ခွာရတာ အလွယ်ဆုံးပဲဖြစ်ပါတယ်။ ဒါပေမဲ့ ခွာနေစဉ် အတောအတွင်းမှာတော့ မျက်စိစပ်ပြီး မျက်ရည်ကျတတ်ပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် ကြက်သွန်နီကို ရေပိုက်ခေါင်းအောက်တည့်တည့်မှာ ခံထားပြီး ခွာပေးလိုက်ပါ။ အခွံများအလွယ်တကူ ကျွတ်သွားမယ့်အပြင် မျက်ရည်လည်းကျတော့မှာမဟုတ်ပါဘူး။

Source: Thespruceeats.com