အေးချမ်းသော ရာသီလေးနှင့် လိုက်ဖက်သော အသုပ်လေးပါ။ အားလုံး သုပ်စားလို့ရအောင် ပြန်ရှယ်လိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- (ဝါစာဘီမယ်ယိုနစ်လုပ်ရန်)
- Wasabi – ၁ ဇွန်း (စားပွဲဇွန်း)
- မယ်ယိုနစ် – ၃ ဇွန်း (စားပွဲဇွန်း)
- သံလွင်ဆီ – ၁ ဇွန်း (စားပွဲဇွန်း)
- (အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများ)
- မုန်လာဥနီ – ၁ ဥ (အခွံခွာပြီး ခြစ်ဖြင့်ခြစ်ထားပါ)
- ချယ်ရီ ခရမ်းချဉ်သီး – ၁၀ လုံး (အလုံးလိုက်လေးတွေထားပါ)
- ဂေါ်ဖီ – ၂ ရွက် (ခတ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ)
- ဆလတ်ရွက် – ၂ ရွက် ( အရွက်လိုက်ထားပါ)
- ပူစီနံရွက် – ၂ ပင် (အရွက်လေးတွေပဲချွေထားပါ)
- သခွာသီး – ၁ လုံး (အချောင်းလေးတွေခြစ်ထားပါ)
- ငုံးဥ – ၁၀ လုံး (ပြုတ်ပြီး အခွံခွာထားပါ၊ ထက်ခြမ်းခြမ်းထားပါ)
ပြုလုပ်နည်း
(ဝါစာဘီမယ်ယိုနစ်လုပ်ရန်)
- ဖန်ဇလုံထဲ ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး ခလောက်တံဖြင့် အားလုံး သေချာရောတယ့်အထိ ခလောက်ပေးပါ ။ ဆားမြည်းပါ ။ လိုတာ ထပ်ထည့်ပေးပါ ။ အသုပ်ထဲ လိုသလောက် ထည့်သုပ်လို့ ရပါပြီ ။ အချဉ်ရည် ညစ်ထည့် ရသော ဗူးထဲ ထည့်ပြီး အသုပ်ပေါ်မှနေ ညှစ်တာ ပိုအဆင်ပြေပါတယ် ။
(အသုပ်သုပ်နည်း)
- ဖန်ဇလုံး အကြီးထဲ ဆလတ်ရွက် နှင့် ငုံးဥကလွဲလို့ တစ်ခြား အသီးအရွက်များ ထည့်ပြီး အားလုံး သေချာရောအောင် မွှေပါ ။
- ပြီးမှ သုံးဆောင်ရန် ပန်းကန်ထဲ ဆလတ်ရွက် အရင်တင်ပြီး အပေါ်မှ အသီးအရွက်ရော နှင့် ငုံးဥများ တင်ပါ ။
- အားလုံးတင်ပြီးလျင် အချဉ်ရည် ညှစ်ဘူးဖြင့် ထည့်ထားသော ဝါဆာဘီမယ်ယိုအနှစ် လိုသလောက် ဖျန်းပါ ။ ချက်ချင်း သုံးဆောင်ပါ။
- မှတ်ချက် – ဝါဆာဘီမယ်ယိုကို ကိုယ့်စိတ်ကြိုက် ကိုယ့်ကြိုက်နှစ်သက်သော အရသာအတိုင်း အတိုးအလျော့ လုပ်ပြီး စပ်လို့ ရပါတယ် ။