အသားတွေကို အဆီတဝင်းဝင်းနဲ့စားရတာကို စိတ်ကုန်လာပြီလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ငါးဖယ်ခရမ်းချဉ်သီးသုပ်လေးက အကောင်းဆုံးပါပဲနော်။ ငါးဖယ်ကလည်း အိအိလေးနဲ့ ခရမ်းချဉ်သီးကလည်း အချဉ်ဓာတ်လေးပါတော့ စားရတာခံတွင်းအလွန်မြိန်ပြီပေါ့။ ကဲ… အခုပဲချက်ကြည့်လိုက်ကြရအောင်နော်။
ပါဝင်ပစ္စည်းများ
- ငါးဖယ်ကြော်
- ခါကျက်ဥ
- ကြက်သွန်ဖြူဆီသက်
- ငရုတ်သီးစိမ်း
- ဗမာနံနံ
- သံပုရာရည်
- ပုဇွန်ငံပြာရည်
ပြုလုပ်နည်း
- ငါးဖယ်ကို ကြော်ပြီး သုတ်မည့် အရွယ်လှီးထားပါ။
- ခါကျက်ဥကို အချောင်းလေးများ ဖြစ်အောင်ခြစ်ထားပါ။
- ကြက်သွန်ဖြူကို ဆီသက်ထားပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ။
- အသုပ် သုပ်ရန် အစဉ်သင့်ဖြစ်လျင် ငါးဖယ်ကြော် ၊ ခါကျက်ဥ ၊ ကြက်သွန်ဖြူဆီသက် ၊ ငရုတ်သီးစိမ်း ၊ ဗမာနံနံ ၊ သံပုရာရည် ၊ပုဇွန်ငံပြာရည် ၊ အချိုငံထည့်ပြီး ချဉ်စပ်လေး သုပ်ထားပါတယ်။ *(ရွာဘက် အလည် သွားရင်း ကိုယ်တိုင် ခူးလာတဲ့ ခရမ်းချဉ်သီးလေး တွေပါ။)
Credit: Daw Suu Suu