(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ခေါက်ဆွဲပြုတ်ပူပူလေး စားရတာနှစ်သက်သူများအတွက် ငါးကြော် ခေါက်ဆွဲပြုတ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
Source: Whats4eats.com
  • ခေါက်ဆွဲ ၂၅၀ ဂရမ် (၂၅ မိနစ်ခန့် ရေစိမ်ထားလိုက်ပါ)
  • ကြက်ပြုတ်ရည် ၉၅၀ မီလီလီတာ
  • ခရမ်းချဉ်သီး ၂ လုံး (တစ်လုံးကို လေးစိပ်စိပ်ထားပါ)
  • တရုတ်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
Source: Freepik.com
  • မက်ကရယ်ငါး ၅၀၀ ဂရမ် (အသားလွှာပုံစံ ပါးပါးလှီးထားပါ)
  • နွားနို့ ၁၂၅ မီလီလီတာ
  • ဂျုံမှုန့်နှင့် ဆန်မှုန့် ၆၀ ဂရမ်စီ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဆား စားပွဲတင်ဇွန်း ၁ ဇွန်း
  • မုန်ညှင်း အနည်းငယ်၊ ကြက်သွန်မြိတ် အနည်းငယ်နှင့် ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဇလုံတစ်လုံးထဲမှာ ဂျုံမှုန့်၊ ဆန်မှုန့်နှင့် ဆား စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ရောမွှေထားလိုက်ပါ။ ထို့နောက် ငါးအသားလွှာများနဲ့ ကပ်ထားပေးလိုက်ပါ။
၂။ အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါက စောစောက ငါးအသားလွှာများကို ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၃။ ပွက်ပွက်ဆူအောင် တည်ထားသော ရေနွေးထဲမှာ ခေါက်ဆွဲများကို စက္ကန့် ၂၀ ခန့် ထည့်ကာ ဆယ်ယူထားလိုက်ပါ။
၄။ အခြားအိုးတစ်လုံးထဲမှာ ကြက်ပြုတ်ရည်ထည့်ပြီးနောက် ဂျင်းထည့်ပါ။ ဆူပွက်လာသည်အထိတည်ထားပါ။ ဆူပွက်လာပါက နွားနို့၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် မုန်ညှင်းရွက်လေးများ ထည့်လိုက်ပါ။
၅။ ဟင်းရည်က ဆူပွက်လာပါက ခရမ်းချဉ်သီးနှင့် ငါးကြော်တစ်ဝက်ခန့် ထည့်ကာ ၁၅ မိနစ်ခန့် တည်ထားလိုက်ပါ။
၆။ ပန်းကန်လုံးတစ်လုံးထဲမှာ ခေါက်ဆွဲများထည့်ပြီးနောက် စောစောက ဟင်းရည်များကို ပန်းကန်ထဲလောင်းထည့်လိုက်ပါ။ ပြီးရင်တော့ ကျန်ရှိနေတဲ့ ငါးကြော်အားလုံးကို နောက်ဆုံးမှ ခေါက်ဆွဲပေါ်တင်ထားလိုက်ပါ။
ဒါဆိုရင်တော့ အရသာအရမ်းရှိတဲ့ ငါးကြော် ခေါက်ဆွဲပြုတ်လေးရရှိသွားပါပြီ။ အရသာရှိရှိ အားရပါးရသုံးဆောင်လိုက်ပါ။
Source: Asianfoodchannel.com
(Zawgyi)
ပါဝင်ပစ္စည်းများ
Source: Whats4eats.com
Source: Freepik.com
  • နွားနို့ ၁၂၅ မီလီလီတာ