နေ့ခင်းနေ့လည် အနားယူနေချိန်မှာ အကြော်စုံပူပူလေးကို ရေနွေးကြမ်းနဲ့ တွဲဖက်သုံးဆောင်ရတာက ယခုလို နွေရာသီနဲ့ အင်မတန်လိုက်ဖက်လွန်းလှတာကြောင့် လွယ်ကူရိုးရှင်းတဲ့ အကြော်စုံပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ဘူးသီး တစ်စိတ်ခန့်
ပုစွန် ၁၀ ကောင်
ပင်လယ်ငါး အသားလွှာ (သို့) မိမိကြိုက်နှစ်သက်ရာ ငါးတစ်မျိုးမျိုး ဝ.၅ ပေါင်
ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ကြက်ဥ ၃ လုံး (မွှေခလောက်ထားပါ)
ဂျုံမှုန့် ၆၀ ဂရမ်
ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ဘူးသီးကို အခွံခွာပြီးနောက် အနေတော် အတုံးတုံးထားကာ ဆားနဲ့နယ်ထားလိုပါ။ မိနစ် ၂၀ ခန့် ထားထားပါ။

ပုစွန်ကို အခွံနဲ့ ခေါင်းတို့ ချွတ်ထားပြီး ရေစင်စင်ဆေးကာ အဝတ်စသန့်သန့်တစ်ခုနဲ့ ခြောက်အောင် သုတ်ထားလိုက်ပါ။ ထို့နောက် ပုစွန်ကို ထက်ခြမ်းခြမ်းလိုက်ပါ။ ပုစွန်ရဲ့နှစ်ခြမ်းစလုံးကို ဆားနဲ့ ငရုတ်ကောင်းတို့ဖြင့် နယ်ထားပြီး ၁၅ မိနစ်ခန့် ထားထားလိုက်ပါ။

ငါးကိုလည်း ရေဆေးပြီး အခြောက်ခံကာ လက်မဝက်အထူ လှီးဖြတ်ထားပါ။ ငါးအသားလွှာရဲ့ နှစ်ဘက်စလုံးကို ဆားဖြူးထားလိုက်ပါ။ ၁၅ မိနစ်ခန့် ထားထားပါ။

ထို့နောက် ပါဝင်ပစ္စည်းသုံးမျိုးစလုံးကို ဂျုံမှုန့်နဲ့ နှံ့စပ်အောင် ဖြူးထားလိုက်ပါ။

ဒယ်အိုးကို အပူပေးထားပြီး ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ကာ ဆီကျက်လာအောင်စောင့်ပါ။

ပုစွန်တစ်ကောင် ယူလိုက်ကာ မွှေခလောက်ထားသော ကြက်ဥထဲသို့ နှစ်ချလိုက်ပါ။

ပြီးမှ ဆီပူထဲထည့်ကာ တစ်ဖက်ချင်းစီကို ၁ မိနစ်ကနေ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ကျန်ရှိနေတဲ့ ပုစွန်နဲ့ အခြားပါဝင်ပစ္စည်းများကိုလည်း ငါးအသားလွှာ တစ်လွှာချင်းစီ၊ ဘူးသီး တစ်တုံးချင်းစီ ကြက်ဥထဲနှစ်ပြီးမှ ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ အကြော်စုံပူပူလေးကို မိမိနှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့နဲ့ တို့စားလို့ရပါပြီ။

Source: koreanbapsang.com