အားလုံးပဲ မင်္ဂလာပါ။ ငါးစားရင် ဉာဏ်ကောင်းတယ်ဆိုပြီး ငယ်ငယ်က လူကြီးတွေ ပြောတာကို ကြားဖူးနားဝရှိကြမှာပါနော်။ တကယ်တော့ ငါးစားခြင်းရဲ့ ကောင်းကျိုးတွေက တစ်ခုတည်းမကပါဘူး။ အမြောက်အမြားရှိပါတယ်။

အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ငါးကို စားသုံးတဲ့အခါ နှလုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးပြီး စိတ်ကျရောဂါမဖြစ်ပွားအောင်လည်း ကူညီပေးတာကြောင့် ပျော်ရွှင်တဲ့ လူသားတစ်ယောက်ဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး။ အိပ်စက်ခြင်းကိုလည်း ကောင်းမွန်စေတဲ့အပြင် အသက်ကြီးလာတဲ့အခါ အမြင်အာရုံ ချို့ယွင်းလာခြင်းမှလည်း ကာကွယ်ပေးပါတယ်။

အာဟာရရှိတဲ့ ငါးကို ငါးအူချောင်းပုံသဏ္ဍာန်ပြုလုပ်ပြီး မကြော်စားချင်ကြဘူးလား။

ပါဝင်ပစ္စည်းများ

  • ပင်လယ်ငါး (သို့မဟုတ် မိမိကြိုက်နှစ်သက်ရာ ငါးတစ်မျိုးမျိုး) ၁ ပေါင်ခန့်
  • ပါးပါးလှီးထားသော ပဲတောင့်ရှည် ပန်းကန်လုံးတစ်ဝက်စာ
  • နုပ်နုပ်စင်းထားသော ဂျင်း စားပွဲတင်ဇွန်း တစ်ဇွန်း
  • ပါးပါးလှီးထားသော ငရုတ်ပွ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း (နုပ်နုပ်စဉ်းထားပါ)

  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဂျုံမှုန့် အနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အစားအစာများ တုံးတစ်ရောနှောသည့်စက် (Food Processor) ထဲတွင် ဟင်းသီးဟင်းရွက်ဆီနှင့် ဂျုံမှုန့်မှ လွဲ၍ ပါဝင်ပစ္စည်းများ အားလုံးကို ပစ်ထည့်ကာ အနှစ်များ ရလာတဲ့အထိ ၁၀ စက္ကန့် ခန့် မွှေပေးလိုက်ပါ။

၂။ ရရှိလာတဲ့ အနှစ်များကို ငါးအချောင်းပုံသဏ္ဍာန်ပြုလုပ်ကာ ဂျုံမှုန့်ဖြင့် ကပ်ပေးရပါမယ်။

၃။ ဒယ်အိုးကို အမြင့်ဆုံး မီးအပူချိန်ဖြင့် အပူပေးပြီးနောက် ဆီကို ဒယ်အိုးထဲသို့ လောင်းထည့်ပါ။ (ဆီ ဇောက်အနက် တစ်လက်မခန့် ရှိရပါမယ်)

၄။ ဆီပူလာပါက ငါးအချောင်းများကို ဒယ်အိုးထဲထည့်ပြီး တစ်ဖက်စီကို ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၅။ ငါးအချောင်းများ ရွှေညိုရောင် သမ်းလာပါက ဒယ်အိုးထဲက ခပ်ထုပ်ပြီးနောက် ဆီစုပ်စက္ကူပေါ်တင်ကာ ပိုလျှံနေတဲ့ဆီများကို စစ်ထုတ်လိုက်ပါ။

မိနစ်အနည်းငယ်ကြာ အအေးခံပြီးတဲ့နောက်မှာ အရသာရှိတဲ့ ငါးအူချောင်းများကို မိမိနှစ်သက်ရာ အချဉ်ရည်တို့ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: pickledplum.com