အားလုံးပဲ မင်္ဂလာပါ။ အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက် ဆိုတဲ့ စကားလေးအတိုင်းပဲ အသားတွေထဲမှာ အကောင်းဆုံးနဲ့ အရသာအရှိဆုံးကတော့ ဝက်သားပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဝက်သားကို မုန်ညှင်းရွက်နဲ့ အရသာရှိရှိ ကြော်စားမယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း တစ်ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြားညို လက်ဖက်ရည်ဇွန်း တစ်ဇွန်း

  • ဝက်သား ၈ အောင်စခန့် (ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း
  • မုန်ညှင်းရွက် တစ်စည်း (အနေတော် လှီးဖြတ်ထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ဆန်ဝိုင်နှင့် ပြောင်းမှုန့်တို့ ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။ ဝက်သားပြားကို ထိုအနှစ်ထဲ ထည့်နှစ်ပြီးနောက် ၁၀ မိနစ်ခန့် စိမ်ထားရပါမယ်။

၂။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ရေ၊ သကြားနှင့် ဆားတို့ ထည့်ပြီး သမအောင် ရောမွှေထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်လိုက်ပါ။ ကြက်သွန်ဖြူ ထည့်ပြီး ၁၅ စက္ကန့်ခန့် ဆီသတ်ရပါမယ်။

၄။ ပထမပန်းကန်လုံးထဲက ဝက်သားများနှင့် အရည်များကို ဒယ်အိုးထဲ စက္ကန့် ၃၀ ခန့် ထည့်ကြော်ပေးလိုက်ပါ။ ဝက်သားများ ရွှေညိုရောင် ပြောင်းသွားသည်အထိ တစ်မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။

၅။ မုန်ညှင်းရွက်များ ထည့်ကြော်လိုက်ပါ။ ဒုတိယပန်းကန်လုံးထဲက ရေအရောအနှောများကို အိုးထဲသို့ ထည့်ကာ ၂ မိနစ်ခန့် တည်ထားလိုက်ပါ။ ကြက်သွန်မြိတ်ထည့်ကာ ထပ်မွှေပေးလိုက်ပါ။

ထို့နေက် ပန်းကန်ပြားထဲ ပြောင်းထည့်ကာ ထမင်းနဲ့အတူတူ ပူပူနွေးနွေးလေး သုံးဆောင်နိုင်ပါပြီ။

Source: thespruceeats.com