အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူးချစ်သူတို့အတွက် လျှာလည်သွားစေမယ့် အာလူး ကပ်သလစ်ကြော်ကို အရသာစပ်စပ်လေးရအောင် ဘယ်လိုကြော်နိုင်မလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၄ လုံး
  • ကြက်သွန်နီ ၁ ဥ
  • ကုလားအော်သီး ၁ လုံး
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဆား စားပွဲတင်ဇွန်း တစ်ဝက်

  • ကြက်ဥ ၁ လုံး
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် အနည်းငယ်
  • သံပုယိုရည် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးနှင့် ကြက်သွန်နီများကို အခွံခွာပါ။ ထို့နောက် အနေတော်အတုံး လှီးဖြတ်ထားပါ။ ကုလားအော်သီးကိုတော့ ခပ်သေးသေး လှီးဖြတ်ထားပါ။

၂။ အာလူးနှင့် ကြက်သွန်နီတို့ကို အစားအစာကြိတ်စက်ထဲထည့်ပြီးနောက် အနှစ်များဖြစ်သွားအောင် မွှေပါ။

၃။ ထို့နောက် ကုလားအော်သီး ထည့်ပြီး ထပ်မွှေပါ။

၄။ ရရှိလာတဲ့ အနှစ်များကို ရေစင်အောင် ညှစ်ပါ။ ထို့နောက် ပန်းကန်လုံးအကြီး တစ်လုံးထဲ ထည့်ပြီးနောက် ဂျုံမှုန့်၊ ဆား၊ ကြက်ဥတို့ဖြင့် သမအောင် ရောနယ်လိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အာလူးအရောအနှောများကို ဇွန်းတစ်ဇွန်းစာခန့် ခပ်ယူပြီးနောက် ဆီပူထဲ ထည့်ကြော်ပါ။

၆။ ရွှေညိုရောင် သမ်းလာပါက အခြားတစ်ဖက်သို့လှန်ပြီး ဆက်ကြော်ပါ။

၇။ အာလူးအနှစ်များ ကုန်သွားသည်အထိ ကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ အာလူး ကပ်သလစ်ကြော်လေး ရရှိသွားပါပြီ။

မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အားရပါးရ သုံးဆောင်လိုက်ပါ။

စာဖတ်သူတို့အနေနဲ့ အရသာစပ်စပ်လေး စားချင်တယ်ဆိုရင်တော့ ကုလားအော်သီး များများ ထည့်ပေးလို့ရပါတယ်။

Source: Futuredish.com