အစားအစာများ လုပ်စားတဲ့အခါ ပုံမှန်အရသာထက် ပိုကောင်းတဲ့အရသာမမြည်းစမ်းကြည့်ချင်ကြဘူးလား။ အရသာရှိတဲ့အစားအစာတွေကို မိနစ်ပိုင်းအတွင်း လွယ်ကူလျင်မြန်စွာပြုလုပ်စားသုံးနိုင်မယ့် နည်းလမ်းအချို့ကို ဝေမျှပေးလိုက်တယ်နော်။

ကမ္ဘာပေါ်မှာ အရသာအရှိဆုံး ကြက်ဥ ချိစ် Sandwich

ပေါင်မုန့်ရဲ့ ထိပ်ပိုင်းကို လှီးဖြတ်လိုက်ပြီး အထဲမှာ ဂလိုဏ်ပေါက် ဖောက်လိုက်ပါ။ ဝက်ပေါင်ခြောက်ထည့်ပြီး ကြက်ဥတစ်လုံးဖောက်ထည့်ကာ ချိစ်ဖြူးလိုက်ပါ။ ထို့နောက် ပေါင်မုန့်ကို ပြန်အုပ်ထားလိုက်ပြီး ခဲဖတ်လေးနဲ့ ပတ်ထားကာ မီးဖိုထဲ ထည့်ဖုတ်ထားလိုက်ပါ။ အရသာအရှိဆုံး Sandwich လေး ရရှိသွားပါပြိ။

ငှက်ပျောသီး ချောကလက်ရေခဲချောင်း

ငှက်ပျောသီးကို ထက်ခြမ်းခြမ်းပြီး တုတ်ချောင်းထိုးလိုက်ကာ အေးခဲသွားအောင် အအေးခန်းထဲ ထည့်ထားလိုက်ပါ။ ချောကလက်အဖြူ (သို့) ချောကလက်အမဲ၊ မိမိကြိုက်နှစ်သက်ရာ ချောကလက်တစ်ခုခုကို အရည်ကျိုပြီးနောက် ထိုချောကလက်အနှစ်ထဲ ငှက်ပျောချောင်းများ နှစ်ပေးပြီး အအေးခံထားလိုက်ပါ။ ဒါဆိုရင် ငှက်ပျောသီး ချောကလက်ရေခဲချောင်းလေး ရသွားပါပြီ။

ကြက်အူချောင်း ကြက်ဥကြော် ပြုလုပ်နည်း

ကြက်အူချောင်း တစ်ချောင်းကို ထက်ခြမ်းခြမ်းပြီး အသည်းပုံပြုလုပ်ကာ ဒယ်အိုးထဲထည့်ကြော်လိုက်ပါ။ ကြက်ဥကို အသည်းပုံကြက်အူချောင်းထဲ ဖောက်ထည့်လိုက်ပါ။ ပြုလုပ်နည်းကတော့ လွယ်လွယ်လေးပါပဲ။

ဂျယ်လီနဲ့ နို့ဆီ ပေါင်းစပ်လိုက်တဲ့အခါ

ဂျယ်လီများကို အတုံးသေးသေးလေးတုံးပြီးနောက် နို့ဆီရောထည့်ကာ ရေခဲသေတ္တာအအေးခန်းထဲ အအေးခံထားလိုက်ပါ။ အရသာရှိတဲ့ အချိုပွဲတစ်ပွဲရသွားပါလိမ့်မယ်။

ကော်ဖီတုံးများ

ကော်ဖီဖျော်လိုက်ပြီး ရေခဲတုံးပုံစံခွက်ထဲထည့်ကာ အအေးခံလိုက်ပါ။ ရလာတဲ့ကော်ဖီရေခဲတုံးများကို ဒီအတိုင်းစားလို့လည်း ရသလို နွားနို့ဖျော်သောက်တဲ့အခါမှာလည်း ကော်ဖီတုံးထည့်ပြီး တွဲသောက်လို့ရပါသေးတယ်။ နွေရာသီအတွက် အကောင်းဆုံးဖျော်ရည်တစ်ခုသောက်သုံးနိုင်ဖို့ ကူညီပေးမယ့် ကော်ဖီတုံးလေးတွေပါပဲ။

Source: Brightside.me