အစားမက်တဲ့ BFF Goal ကိုပေါ်လွင်စေမယ့် ပြိုင်ပွဲလေး

Foodie BFF တွေဟာ အချိန်တိုင်းလိုလို ဓာတ်ပုံရိုက်ကူးယူတတ်ကြလို့ အစားစားနေချိန်ကိုပါ ဓာတ်ပုံရိုက်ကွင်းအဖြစ် ပြောင်းလဲပစ်နိုင်သူတွေနော်။ ကိုယ်ကြိုက်တတ်တဲ့အစားအစာလေးတွေကို တွေ့တဲ့အခါတိုင်း ဓာတ်ပုံရိုက်ပြီး ကိုယ့်ကိုဘယ်လိုသတိရမိကြောင်း လှမ်းပြောပေးမယ့် BFF လေးတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး BFF လေးတို့ကြိုက်တတ်တဲ့ အစားအစာလေးတွေကို ဓာတ်ပုံရိုက်ကူးပြီး သူ့ကိုသတိရနေကြောင်းကို ပြောပြဖို့အတွက် အခုအစီအစဉ်လေးမှာ ပါဝင်ယှဉ်ပြိုင်လိုက်ကြရအောင်။

ပြိုင်ပွဲယှဉ်ပြိုင်သူများ လုပ်ဆောင်ရမည့် အဆင့်သုံးဆင့်

1. ဦးစွာအနေနဲ့ ကိုယ့်ရဲ့အချစ်ရဆုံး BFF လေးနဲ့ အတူတူသွားစားချင်တဲ့ အစားအသောက်ကို ဓာတ်ပုံရိုက်လိုက်ပါ။ BFF ကို Tag ပြီး မိမိ Facebook Wall ပေါ်မှာ Public လုပ်ပြီးတင်ပေးရမည်။

2. #MyGalaxyJ7Duo #MYBFF #MyFoodCampaign စတဲ့ Hashtag များ ထည့်သွင်းပေးပါ။

3. အစားမက်တဲ့ BFF အတွက်သူကြိုက်တဲ့ အစားအသောက်လေးအကြောင်းနဲ့ အမှတ်တရ Story လေးကိုပါ ရေးပြီး ထည့်ပေးပါ။

ကိုယ့်ရဲ့ BFF နဲ့လည်း အမှတ်တရတစ်ခု ဖန်တီးနိုင်ပြီး အဖိုးတန်တဲ့ဆုလက်ဆောင်ကိုလည်း ကံထူးနိုင်မှာဖြစ်လို့ ပြိုင်ပွဲမှာပါဝင်ဖို့ အမြန်လေးတိုင်ပင်လိုက်ကြတော့နော်။

ပြိုင်ပွဲရက်ကရော….

ဒီလိုမျိုး ချစ်စဖွယ်ပြိုင်ပွဲလေးကို ဇွန်လ ၃ ရက်နေ့ နောက်ဆုံးထားလို့ ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲနိုင်ပါတယ်။ တစ်ပတ်တိတိအချိန်ရတာကြောင့် ကိုယ့် BFF နဲ့ အတူသွားစားချင်တဲ့ အစားအသောက်ကို ဓာတ်ပုံလှလှလေးရအောင် ဘယ်လိုရိုက်မလဲဆိုတာ အခုပဲတွေးထားလိုက်တော့နော်။

အနိုင်ရသူကို ဘယ်လိုရွေးချယ်သွားမလဲ။

ပါဝင်ယှဉ်ပြိုင်သူတွေထဲက ပျော်စရာအကောင်းဆုံး BFF Story လေးကို Share ပေးနိုင်တဲ့သူနဲ့ အစားအသောက်ဓာတ်ပုံကို အထာကျကျရိုက်နိုင်သူကို သေချာစီစစ်ပြီး အနိုင်ရရှိသူအဖြစ် ရွေးချယ်သွားမှာပါ။ အနိုင်ရရှိသူအား ဇွန်လ ၄ ရက်နေ့တွင် ကြေညာပေးသွားပါမယ်။

အနိုင်ရရှိသူပိုင်ဆိုင်ရမယ့် Samsung Galaxy J7 Duo

BFF အလား အားကိုးရတဲ့ Samsung Galaxy J7 Duo လေးဟာ လူငယ်တွေရဲ့ စိတ်ကို ဖမ်းစားနိုင်ပြီး လတ်တလော Galaxy J Series မှာရေပန်းစားနေပါတယ်။ Galaxy J7 Duo ဟာ အစားအသောက်တွေကို ဓာတ်ပုံရိုက်ပြီး သိမ်းဆည်းရတာကို ဝါသနာပါတဲ့သူတွေအတွက် အင်မတန်မှသင့်တော်တဲ့ စမတ်ဖုန်းတစ်လုံးပါပဲ။ Focus ကောင်းကောင်းနဲ့ ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်မယ့် Dual Camera ပါရှိပြီး အလင်းမှိန်နေချိန်မှာတောင် Flash မသုံးဘဲ ဓာတ်ပုံကောင်းကောင်းတွေကို ရိုက်ကူးနိုင်မှာပါ။ Low Light Aperture F/1.9 လည်း ပါရှိတဲ့အတွက်ကြောင့် Foodie လေးတွေအတွက်ကြောင့် အရမ်းအသုံးဝင်မယ့် ဖုန်းတစ်လုံးဖြစ်မှာပါ။

ထို့အပြင် Galaxy J7 Duo ရဲ့ Live Focus Feature က နောက်ခံပုံကို ဝါးစေနိုင်တဲ့ လုပ်ဆောင်ချက်က အစားအသောက်ပုံတွေ ရိုက်ကူးခြင်းကို အလွန်အထောက်အကူဖြစ်စေပါတယ်။ ဒီလိုမျိုး ထောက်ပံ့မှုက Foodie တွေရိုက်ကူးထားတဲ့ အစားအသောက်ပုံတိုင်းကို ကြည်ကြည်လင်လင် ရိုက်ယူစေနိုင်မှာဖြစ်ပြီး ကြည့်လိုက်သူတိုင်းကို စားချင်စိတ်ဖြစ်လာစေအောင် ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။

ကဲ… စိတ်လှုပ်ရှားစရာကောင်းပြီး တကယ့်ကို ပျော်စရာကောင်းတဲ့ ဒီပြိုင်ပွဲလေးကို ချစ်ရတဲ့ ဘော်ဒါ BFF နဲ့ အတူ ပါဝင်ဆင်နွဲလိုက်ရအောင်နော်။