အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ဝက်သားစဉ်းကော ဂေါ်ဖီကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်နီ ၁ ဥ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဂေါ်ဖီထုပ် တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

Cabbage

  • ကြက်သွန်ဖြူမှုန့်နှင့် ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စီ
  • ငရုတ်သီးမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး နုပ်နုပ်စဉ်းထားသော ဝက်သားများထည့်ကာ အညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

၂။ ထို့နောက် ကြက်သွန်နီများထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေကြော်လိုက်ပါ။ ထို့နောက် ကြက်သွန်ဖြူထည့်ကာ စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ပါးပါးလှီးထားသော ဂေါ်ဖီလေးထည့်ကာ ၁၀ မိနစ်ခန့် မွှေကြော်ပါ။ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူမှုန့်တို့ထည့်ကာ ၂ မိနစ်ခန့် ကြော်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ အရသာရှိတဲ့ ဝက်သားစဉ်းကော ဂေါ်ဖီကြော်လေး ရရှိသွားပါပြီ။

Source: Eatwell101.com

https://youtu.be/U8DGHvJQt9w?t=2