ခရမ်းသီးဟာ ဗီတာမင်ဓါတ်ကြွယ်ဝပြီး အမျှင်ဓါတ်မြင့်မားစွာပါဝင်တဲ့ အစားအစာဖြစ်ပါတယ်။
ခရမ်းသီးမုန့်ကြွပ်ကြော် ပြုလုပ်နည်းကတော့ လွယ်ကူရိုးရှင်းတယ်။ လူတိုင်းလည်းပြုလုပ်ရတာလွယ်ကူပါတယ်။
ပြင်ဆင်ခြင်း
ခရမ်းသီးကို ရေဆေးပြီး လက်မ၀က်လောက်အထူ လှီးလိုက်ပါ။
ပြီးရင် စက္ကူပေါ်မှာတင်ပြီး ဆားအနည်းငယ်ဖြူးပြီး နယ်ပေးပါ။ ပြီးရင် ၁၅ မိနစ်လောက် နှပ်ထားပါ။
မုန့်နစ်လုပ်ဖို့ ဂျုံမှုန့် (သို့) ပြောင်းဖူးမှုန့် ခွက် ၄ပုံ၁ ပုံရယ် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ရယ် ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံရယ်ထည့်ပြီး နယ်ပေးပါ။ (ကိုယ်ကြော်မဲ့ ခရမ်းသီးကိုနယ်ရမှာဖြစ်လို့ ခရမ်းသီးပမာဏထက် နှစ်ဆထည့်ပါ။)
နောက်ခွက်တစ်လုံးနဲ့ ကြက်ဥနှစ်လုံးကို ခလောက်ထားပါ။
ပြီးရင် ဒယ်အိုးထဲမှာ ဆီထည့်ပြီး ပူအောင်သည်ထားပါ။
အဲဒီနောက် ဂျုံမှုန့်နစ်ထဲမှာ ခရမ်းသီးနစ်ပြီး ကြက်ဥထပ်နစ်ကာ ကြော်ပေးပါ။
ခရမ်းသီးတစ်ဖက်တစ်ချပ်ဆီမှာ အညိုရောင်ဖြစ်သွားတဲ့ထိကြော်ပြီးပြီဆိုရင် ရပါပြီ။
ပြီးရင် ဆယ်ယူပြီး ဆော့လ်တစ်မျိုးမျိုးနဲ့ တို့စားလို့ရပါပြီနော်။
Source: WikiHow