အားလုံးပဲ မင်္ဂလာပါ။ အကြော်ကြွပ်ကြွပ်လေး ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ မှို အကြွပ်ကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- မှို ၁ ပေါင်ခန့်
- ဂျုံမှုန့် ပန်းကန်လုံး ၁ လုံးခွဲ
- ဘီယာ စားပွဲတင်ဇွန်း ၁၆ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ
- ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- ကြော်ရန် ဆီ
- ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး ဆီ ထည့်ပါ။
၂။ မှိုများရဲ့ အနားသားကို ဓားဖြင့် လှီးဖြတ်ထားပါ။ ဂျုံမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်းခန့်ကို သပ်သပ်စီခွဲထားပြီးနောက် မှိုများကို ထိုဂျုံမှုန့်ဖြင့် ကပ်ပေးလိုက်ပါ။
၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ကျန်ရှိနေသော ဂျုံမှုန့်၊ ဘီယာ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်နှင့် ကြက်သွန်နီမှုန့်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။
၄။ ထို့နောက် မှိုများကို စောစောက ဂျုံမှုန့်နှစ်ထဲ ထည့်နှစ်လိုက်ပါ။
၅။ ထို့နောက် မှိုများကို ဆီပူထဲထည့်ကာ ၇ မိနစ်ခန့် ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။
မှိုများအားလုံး ကြော်ပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ မှိုအကြွပ်ကြော်လေး ရရှိသွားပါပြီ။
Source: Dinneratthezoo.com