အားလုံးပဲ မင်္ဂလာပါ။ အကြော်ကြွပ်ကြွပ်လေး ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ မှို အကြွပ်ကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မှို ၁ ပေါင်ခန့်
  • ဂျုံမှုန့် ပန်းကန်လုံး ၁ လုံးခွဲ
  • ဘီယာ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ

  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြော်ရန် ဆီ
  • ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ ထည့်ပါ။

၂။ မှိုများရဲ့ အနားသားကို ဓားဖြင့် လှီးဖြတ်ထားပါ။ ဂျုံမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်းခန့်ကို သပ်သပ်စီခွဲထားပြီးနောက် မှိုများကို ထိုဂျုံမှုန့်ဖြင့် ကပ်ပေးလိုက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ကျန်ရှိနေသော ဂျုံမှုန့်၊ ဘီယာ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်နှင့် ကြက်သွန်နီမှုန့်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၄။ ထို့နောက် မှိုများကို စောစောက ဂျုံမှုန့်နှစ်ထဲ ထည့်နှစ်လိုက်ပါ။

၅။ ထို့နောက် မှိုများကို ဆီပူထဲထည့်ကာ ၇ မိနစ်ခန့် ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

မှိုများအားလုံး ကြော်ပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ မှိုအကြွပ်ကြော်လေး ရရှိသွားပါပြီ။

Source: Dinneratthezoo.com