အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ လွယ်ကူရိုးရှင်းပြီး ကြော်ချက်ရလွယ်ကူတဲ့ ဝက်သားပြားကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

မနက်စာအဖြစ် ထမင်းမစားချင်တဲ့သူတွေအတွက် ဝက်သားပြားကြော်ကို ပန်းဂေါ်ဖီစိမ်းကြော်၊ အာလူးထောင်းတို့နဲ့ တွဲဖက်စားသုံးပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား တစ်ပေါင်ခန့်
  • ဆီ စားပွဲတင်ဇွန်း သုံးဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း သုံးဇွန်း
  • ဂျုံမှုန့် ၁၂၈ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားကို ရေစင်အောင် ဆေးကြောပြီးနောက် တစ်လက်မအထူခန့် လှီးဖြတ်ထားပါ။ ဝက်သားပြားရဲ့ တစ်ဖက်တစ်ချက်စီးကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားလိုက်ပါ။

၂။ ထို့နောက် ဝက်သားပြားများကို ဂျုံမှုန့်ဖြင့် ကပ်ပေးလိုက်ရပါမယ်။

၃။ ဒယ်အိုးကို မီးအပူပေးပြီး ဆီထည့်လိုက်ပါ။ ဆီများ ဆူပွက်လာပါက ဝက်သားပြားများ ထည့်ကြော်ပေးလို့ရပါပြီ။

၄။ ဝက်သားပြားက ရွှေညိုရောင် ပြောင်းသွားပါက အခြားတစ်ဖက်သို့ လှန်ပြီး ဆက်ကြော်ပေးရပါမယ်။

ရရှိလာတဲ့ ဝက်သားပြားကြော်ကို ပန်းဂေါ်ဖီစိမ်းကြော်၊ အာလူးထောင်းတို့ဖြင့် အရသာရှိရှိ တွဲဖက်စားသောက်ပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ အာဟာရပြည့်ဝတဲ့ မနက်စာလေး ရရှိသွားပြီပေါ့။

Source: Couponclippingcook.com